မြန်မာအစိုးရသည် စွမ်းအင်ကုမ္ပဏီများနှင့် ချုပ်ဆိုထားသော ကန်ထရိုက်များ၏ လက်ရှိဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းချက်များကို ပြန်လည်သုံးသပ်လျက်ရှိသည်။ ပြန်လည်သုံးသပ်မှုက လုပ်ငန်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ပိုမိုအားပေးသည့် အပြောင်းအလဲများ ဖြစ်ပေါ်လိမ့်မည်ဟု မျှော်လင့်ရသည်။
မြန်မာ့လူဦးရေ၏ တိုးပွားလာသည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်မှုမရရှိသေးသည့် အိမ်ထောင်စုများကို လျှပ်စစ်ဓာတ်အားပေးရန်အတွက် လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်လုပ်ငန်းသည် များစွာတိုးချဲ့ရန် လိုအပ်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။