Power distribution power supply Myanmar modernisation

မြန်မာ့လျှပ်စစ်နှင့်စွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးခြင်း – မြန်မာ့စွမ်းအင်မြှင့်တင်နိုင်ပါမည်လော

နိုင်ငံတော်အစိုးရသည် အိမ်တိုင်းမီးလင်းစေလိုသော ဆန္ဒရှိပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အောင်နိုင်ခဲ့ပြီးနောက် မကြာမီပင် အာဏာရ National League for Democracy (NLD) အစိုးရသည် တစ်နိုင်ငံလုံး လျှပ်စစ်မီးသုံးစွဲနိုင်စေရန် အဓိဋ္ဌာန်ချလိုက်ပါသည်။

ထုတ်ပြန်ချက်က တိုတောင်းသော်လည်း မြန်မာနိုင်ငံ၏ စွမ်းအင်ပြဿနာမှာ ကျယ်ပြန့်သည်၊ ရှုတ်ထွေးသည် အရေးကြီးဆုံးကတော့ အလွန်အကုန်အကျများလှပါသည်။

မြန်မာအစိုးရက ၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ်လွှမ်းခြုံနိုင်ရန် မျှော်မှန်းထားသည်။ အမျိုးသားပါဝါလိုင်း (national grid) နှင့် ချိတ်ဆက်နိုင်မှုမှာ ၂၀၀၅ ခုတွင် ၂၂.၇ ရာခိုင်နှုန်းသာရှိခဲ့ပြီး နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းလျော့လျော့ခန့်မှာ လျှပ်စစ်သုံးစွဲနိုင်ခြင်းမရှိကြသေးချေ။

လျှပ်စစ်သုံးစွဲခွင့်မရကြသော ကျေးရွာများ၏ ၉၀ ရာခိုင်နှုန်းမှာ အမျိုးသားပါဝါလိုင်းနှင့် ၁၀ ကီလိုမီတာမျှပင် မကွာဝေးသောနေရာ၌ရှိနေကြသည်။ ၎င်းတို့မှာ ဖယောင်းတိုင်၊ ဓာတ်ငွေ့သုံးမီးဖိုနှင့် မီးစက်များကို အသုံးပြုနေကြရသည်။

ပြောင်းလဲမှုများတော့ ရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဖယောင်းတိုင်၊ ရေနံဆီမီးအိမ်တို့ကိုသာ သုံးနေရသူ ၂၀.၃ သန်းရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၃ သန်းခန့်အထိ လျော့ကျသွားသည်။ ၂၀၁၇ ခုနှစ်တွင် အိမ်ထောင်စု ဦးရေ၏ လေးပုံ တစ်ပုံခန့်မှာ ဆိုလာမီးဖြင့် အိမ်ကို မီးလင်းနေကြပြီဖြစ်သည်။ ၂၀၀၉ အထိ ဆိုလာသုံးစွဲနိုင်သူ လုံးဝမရှိခဲ့ချေ။

နိုင်ငံအတွင်း တသီးတခြားစီဝေးကွာလှသော နိုင်ငံလူထုအားလုံးကို လျှပ်စစ်ပါဝါလိုင်းများဖြင့် ဆက်စပ်သွယ်တန်း ကွန်ယက်တည်ဆောက်ရေးမှာ ဒေါ်လာ ၆ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းရသည်။

လာမည့် ၁၅ နှစ်အတွင်း လျှပ်စစ် လိုအပ်ချက် ၃ ဆ တိုးလာမည်ဟု စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာနက
မျှော်မှန်းထားသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရေးအတွက် အစိုးရအနေနှင့် ဒေါ်လာဘီလီယံ ဆယ်ဂဏန်းအထိ ရင်းနှီးမြှုပ်နှံ၍ လက်ရှိလျှပ်စစ်ထုတ်လုပ်နိုင် စွမ်းအားကို ၅ဆ တိုးဖို့ လိုအပ်ပေမည်။

သွယ်တန်းမှု ကုန်ကျစရိတ်

ပါဝါလိုင်းနှင့် အိမ်ကို ဆက်သွယ်မည့် လမ်းက ကွေးကောက်၍ ရှည်လျားပါဘိ။
လေစွမ်းအင်သုံး တာဘိုင်များ၊ နျူကလီးယားစက်ရုံများ၊ ကျောက်မီးသွေး (သို့မဟုတ်) အခြား စွမ်းအင်ရင်းမြစ်များဖြင့် စတင်ထုတ်လုပ်ရပေမည်။

လူနေအိမ်များသို့ လျှပ်စစ်ဖြန့်ဝေရန် ဗို့အားမြင့်လိုင်းများ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ ထရန်စဖော်များနှင့် အခြားအခြေခံ အဆောက်အအုံများလိုအပ်သည်။ ဤအရေးမှာ သီးခြားပြဿနာဖြစ်သည်။

လျှပ်စစ်ဖြန့်ဖြူးရေးအတွက် သီးခြားအစီအစဉ်များရှိသည်။ (National Electrification Plan, NEP) အမျိုးသားလျှပ်စစ်ဖြန့်ဖြူးရေး အစီအစဉ်နှင့် စွမ်းအင် ထောက်ပံ့ရေး (National Electricity Master Plan, NEMP) အမျိုးသား လျှပ်စစ်ဖြန့်ဖြူးရေးပင်မစီမံချက်တို့ ဖြစ်သည်။

စီမံကိန်းတစ်ခုစီတွင် သီးခြားရင်းနှီးမြှုပ်နှံမှုအစီအစဉ်၊ အချိန်ဇယားနှင့် ဗျူရိုကရေစီ စိန်ခေါ်မှုများရှိကြသည်။ သို့သော် တူတာတစ်ခုကတော့ စီမံချက် နှစ်ခုစလုံး အလွန်အကုန်အကျများမည့် ပြဿနာပင်ဖြစ်သည်။

လူနေမြို့ရွာများနှင့် အမျိုးသား power လိုင်း grid ဆက်သွယ်ပေးမည့် NEP စီမံကိန်း ကုန်ကျစရိတ်ပင်လျှင် ဒေါ်လာ ၆ ဘီလီယံခန့်မှန်းထားသည်။

မြို့ရွာများအတွင်း လိုအပ်မည့် အခြေခံအဆောက်အအုံတည်ဆောက်ရေး မပါသေးချေ။ ၎င်းတို့ အတွက်လည်း နောက်ထပ် တစ်ဘီလီယံလောက် ကုန်ကျနိုင်ပေသည်။ လျှပ်စစ်စီမံကိန်းအတွက် အခြေခံအဆောက်အအုံ တည်ဆောက်ရေးတာဝန်မှာ အစိုးရပခုံးပေါ်ကျရောက်နေသည်။ စီးပွားရေးဖွံ့ဖြိုးမှု အဖွဲ့အစည်းများက အကူအညီပေးလို သည့် ဆန္ဒကို ပြသခဲ့ကြသည်။ သို့သော် ယနေ့အထိ ဒေါ်လာ ၁ ဘီလီယံလျော့လျော့သာ ရသေးသည်။ ဂျာမဏီဘဏ် KfW မှ အတိုးမဲ့ချေးငွေ၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank – ADB) နှင့် ကမ္ဘာ့ဘဏ် (World Bank) တို့မှ ဒေါ်လာ သန်း ၄၀၀ တို့ကို ၂၀၁၅ ခုနှစ်က ထုတ်ချေးရန် သဘောတူခွင့်ပြုခဲ့သည်။

စွမ်းအင် နယ်နမိတ်

၂၀၃၀ လောက်ရောက်လျှင် လျှပ်စစ်လိုအပ်ချက် သုံးဆတိုးလာမည်ဟု မှန်းထားသည်။ ထိုလိုအပ်မည့် လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍမှာ ပို၍ပင် အကုန်အကျများပေသည်။ ၂၀၁၅ တွင် ADB ခန့်မှန်းချက်အရ လျှပ်စစ်ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ဒေါ်လာ ၄၀ ဘီလီယံခန့် လိုအပ်မည်ဟု ဆိုသည်။

ထိုငွေအများစုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများထံမှ ရရှိမည်။ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ရေအားလျှပ်စစ်နှင့် အခြားအဓိကစွမ်းအင်ရင်းမြစ်များမှာ မြန်မာ့လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေးအတွက် တန်းစီနေရာ ယူထားကြပြီ။

မြန်မာ့လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး ရည်မှန်းချက်အတွက် လမ်းပြမြေပုံမှာ ရေးဆွဲနေဆဲပင်ရှိပါသည်။ ရွေးကောက်ပွဲ အပြီး NLD အစိုးရသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန နှစ်ခုကို တစ်ခုတည်းပေါင်းစပ်လိုက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။ ထိုဝန်ကြီးဌာနသို့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးပင်မ အစီအစဉ် Master Plan ၃ ခု ကို ADB ၊ ကမ္ဘာ့ဘဏ်နှင့် Japan International Cooperation Agency (JICA) တို့မှ အပြိုင်တင်ပြခဲ့ကြပါသည်။

ထိုအထဲတွင် JICA မှ ရေးဆွဲသော National Electricity Master Plan က နောက်ဆုံးတွင် ရွေးချယ်ခံရသည်။ JICA က မြန်မာ့စွမ်းအင်အနာဂတ်ကို ပုံဖော်သည့် ကဏ္ဍမှ ပါဝင်လုပ်ဆောင်လျက်ရှိသည်။ ၂၀၁၈ ဖေဖော်ဝါရီတွင် နောက်ဆုံး တင်ပြခဲ့သော NEMP စီမံကိန်းတွင် ရေအားလျှပ်စစ် ၃၈ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၃၄ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၈ ရာခိုင်နှုန်းပါဝင်သည်။

သို့သော် ဝန်ကြီးဌာနက ထိုအဆိုပြုမူကြမ်းကို ငြင်းပယ်ခဲ့သည်။ ကျောက်မီးသွေးအပေါ်တွင် မှီခိုလွန်းပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို လျစ်လျူပြုထားသည်ဟု ထောက်ပြသည်။ ၂၀၁၇ ခု အတွက် မြန်မာ့စွမ်းအင်ရောနှောပုံမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အစီရင်ခံစာအရ ရေအားလျှပ်စစ် ၆၁ ရာခိုင်နှုန်း နှင့် ကျောက်မီးသွေး ၃ ရာခိုင်နှုန်းသာ ပါဝင်သည်။

JICA က နောက်ဆုံးအဆိုပြုချက်အသစ် တင်ပြပါမည်ဟု ကတိပြုထားသည်။ သို့သော် မြန်မာ့စွမ်းအင်အနာဂတ် ရည်မှန်းချက်မှာ ထွက်ရှိပြီး ဆွေးနွေးလျက်ရှိကြသည်။ ထို့ကြောင့် မြန်မာ့လျှပ်စစ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးနှစ်ခု စလုံးတွင် အပြောင်းအလဲများ ဆက်လက်ရှိနေမည်မှာ သေချာပါသည်။

ပြည်သူပိုင်ကဏ္ဍ ခေတ်မီပြောင်းလဲလာခြင်း၊ သုတေသနစုဆောင်းမှု နည်းစနစ်အသစ်များနှင့် အချက်အလက်များကြောင့် လုပ်နည်းလုပ်ဟန်အဟောင်းများနှင့် ဈေးကွက်လားရာ trend များကို ပြောင်းပြန်ပြောင်းလဲပစ်နိုင်ပါသည်။ စီးပွားရေး ဖွံ့ဖြိုးလာမှု၊ လူထု၏ အမှန်တကယ် လျှပ်စစ်သုံးစွဲမှုနှင့် အခြားကဏ္ဍများသည် လာမည့် ဆယ်စုနှစ်များအတွင်း ထူးထူးခြားခြားပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။

၂၀၃၀ တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး လျှပ်စစ်လွှမ်းခြုံနိုင်ရေးသည် အမှန်တကယ်ဖြစ်လာနိုင်သည် မှန်သော်လည်း ထိုပန်းတိုင်ရောက်အောင် လျှောက်ရမည့်လမ်းမှာမူ လူတိုင်းမှန်းဆကြည့်ယုံသာ ရှိပေမည်။

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.