invest myanmar summit trade business investment commerce

INVEST MYANMAR SUMMIT 2019 နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ

ရန်ကုန်၊ မြန်မာ၊ နိုဝင်ဘာလ ၆၊ ၂၀၁၈။

ပြည်တွင်းပြည်ပမှ ရင်းနှီးမြုှပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေတွေ့ရှိနိုင်စေရန်ရည်ရွယ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဦးစီးကာ Invest Myanmar Summit 2019 ကို ၂၀၁၉ ခုနစ်၊ ဇန်နဝါရီလ ၂၈ – ၂၉ ရက်များတွင် နေပြည်တော်၊ Myanmar International Convention Centre II (MICC II) ၌ နှစ်ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် အခွင့်အလမ်းများကို ပြည်တွင်းပြည်ပမှ ရင်းနှီးမြုပ်နှံသူများ အနေဖြင့် ပိုမိုသိရှိနားလည်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရနှင့် မြန်မာပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း ဆောင်ရွက်ပြီး ဤ Summit အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည့် ‘မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)’ [၂၀၁၈-၂၀၃၀] မူဝါဒကို သြဂုတ်လ၊ ၂၀၁၈ တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးရေရှည်တည်တံ့ခိုင်မြဲရန် အမှန်တကယ်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း များကို ဦးစားပေးရွေးချယ်နိုင်ရန် နိုင်ငံတော်အဆင့် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို အကောင်အထည်ဖော်ရန် တစ်စုတစ်ဝေးတည်းထားရှိသွားမည်ဖြစ်သော ပြည်သူ့ရင်းနှီးမှုဆိုင်ရာ စီမံကိန်း ဘဏ် (Project Bank) ကို MSDP တွင် ရည်ညွှန်းထားပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ သာမက ထိုစီမံကိန်းဘဏ် (Project Bank) နှင့် သက်ဆိုင်သော အကြောင်းအရာ များကို Invest Myanmar Summit တွင် ဆွေးနွေးသွားမည်ဖြစ်ပါသည်။

“Invest Myanmar Summit 2019” ၏ ခြားနားချက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသဆိုင်ရာအစိုးရအဖွဲ့ဝင်များနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးမှ တက်ကြွစွာ ပူးပေါင်း ပါဝင်မှုရှိခြင်းဖြစ်ပါတယ်။ နိုင်ငံတကာစီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းသို့ စည်းလုံးမှုတစ်ခုအဖြစ် တင်ပြ ပေးရန် အစိုးရနှင့် မြန်မာပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြုှပ်နှံမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်မှန်များရရှိနိုင်ရန် အစီအစဉ်များပြုလုပ်ပေးခြင်း စသည့် အချက်များ ပါဝင်သောကြောင့် Invest Myanmar Summit 2019 က ထူးခြားတဲ့ ပွဲတစ်ခုဖြစ်လာမှာပါ” ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် – UMFCCI ၏ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း မှ ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့နှင့်သာမက ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသဆိုင်ရာ အစိုးရအရာရှိကြီးများနှင့်လည်း တွေ့ဆုံဆွေးနွေးနိုင်မည့် အလားအလာ ရှိသော ပွဲတစ်ခုလည်း ဖြစ်သည့်အပြင် တက်ရောက်ရန်ရည်ရွယ်ထားသည့် သြစတေးလျ၊ တရုတ်၊ ဥရောပ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန် ပြည်ထောင်စုနိုင်ငံများမှ ရင်းနှီးမြုှပ်နှံသူများ နှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ တာဝင်ရှိသူများလည်း ပါဝင် တက်ရောက်မည်ဖြစ်ပါသည်။ ပြည်သူ့ရင်းနှီးမှုဆိုင်ရာ စီမံကိန်းဘဏ် {National Project Bank) နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းနှင့် အခွင့်အလမ်းများကိုလည်း Invest Myanmar Summit တွင် ပြသသွားမည်ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းများချဲ့ထွင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုများရရှိနိုင်ရန်အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ အထည် ချုပ်လုပ်ငန်း၊ လျှပ်စစ်ဓါတ်အားထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ ပညာရေး၊ အစားအစာပြုပြင်ထုတ်လုပ်ခြင်းနှင့် ရေလုပ်ငန်း၊ ကျန်းမာရေးနှင့် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု လုပ်ငန်းနှင့် မြေနှင့်အိမ်ယာအဆောက်အအုံ လုပ်ငန်းများမှ လုပ်ငန်းပိုင်ရှင်များလည်း တက်ရောက်နိုင်ရန် ရည်ရွယ်ထားပါသည်။

“ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်၊ အများနဲ့မတူတဲ့ခြားနားချက်ကတော့ အလုပ်အကိုင်ဖြစ်မြောက်စေ ဖို့နဲ့ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီးပွားရေးလုပ်ငန်းတွေကိုပဲ အဓိကအားစိုက် ထားတဲ့အချက်ပါ။ Invest Myanmar Summit ပွဲတွင် ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေ စီးပွားရေးလုပ်ငန်းဆိုင်ရာတွေ့ဆုံမှုများကို လွယ်ကူချောမွေ့စွာတွေ့ဆုံဆွေးနွေးပြီး အလုပ်အကိုင်များ အောင်မြင်ဖြစ်မြောက်သွားသော အနေအထားမျိုးဖြစ်နိုင်ရန် ကူညီပံပိုးသွားမည်ဖြစ်ပါတယ်။ ပြည်ထောင် စုအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသဆိုင်ရာအစိုးရအဖွဲ့ဝင်များနှင့် ကြိုတင်စီစဉ်ထားနိုင်သည့် လုပ်ငန်းခွင်ဆိုင်ရာအစည်းအဝေးများ၊ အလားအလာရှိသည့် စီးပွားရေးမိတ်ဖက်များ အတွက် စီးပွားရေး လုပ်ငန်းဆိုင်ရာအစည်းအဝေးများ စီစဉ်ထားရှိခြင်း၊ ရင်းနှီးမြုှပ်နှံမှု စီမံချက်များကို ရင်းနှီးမြုှပ်နှံသူများထံသို့ တင်ပြနိုင်သည့် အခွင့်အလမ်းများရရှိနိုင်ခြင်း၊ မိမိရည်ရွယ်ထားသည့် လုပ်ငန်းများနှင့် သက်ဆိုင်သည့် စီမံကိန်းများကို ပြသနိုင်ခြင်း စသည့် အစီအစဉ်များကိုလည်း စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု Invest Myanmar Summit ၏ ဥက္ကဋ္ဌ၊ ဦးဝေဖြိုးမှ ပြောကြားခဲ့ပါသည်။

Invest Myanmar Summit 2019 တွင် ပါဝင်တက်ရောက်နိုင်မည့်သူ ၈၀၀ လောက်ထိရှိနိုင်သည်ဟု ခန့်မှန်းထားပြီး တက်ရောက်မည့်သူများမှာ ပြည်တွင်းပြည်ပမှရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးသမားများ၊ အစိုးရ အရာရှိများ နှင့် သက်ဆိုင်ရာဒေသများမှ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ပါသည်။

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.