နိုဝင်ဘာလ ၆ ရက်နေ့က Invest Myanmar 2019 Summit နယ်လှည့်ဈေးကွက်မြင့်တင်ရေးပွဲသည် Zhejiang တစ်ထောက်နားနေရာသို့ ရောက်ရှိခဲ့သည်။ ယင်းပွဲတွင် မြန်မာအစိုးရအေဂျင်စီများ၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများမှ အဖွဲ့ဝင်များစွာ တက်ရောက်ခဲ့ပါသည်။
ပွဲလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့ရင်းနှီးမြုပ်နှံမှုအခြေအနေ၊ အထည်အလိပ်နှင့် အဝတ်အစားလုပ်ငန်းများဆိုင်ရာ နောက်ဆုံးသတင်းအချက်အလက်များကို မျှဝေရန်ဖြစ်ပြီး မြန်မာ့ကုန်သွယ်ရေးကို စိတ်ဝင်စားသည့် အထည်အလိပ်ကုမ္ပဏီ ၁၀၀ ကျော်မှ ကိုယ်စားလှယ်များကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
Invest Myanmar 2019 Summit၏ တရုတ်ပြည်နယ် နယ်လှည့်ဈေးကွက်မြင့်တင်ရေးပွဲအကြောင်း ထပ်မံသိရှိလိုလျှင် ဤ link တွင်ဖတ်ရှုပါ။