states and regions Invest Myanmar Summit

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနယ်ပယ်၏ အနာဂတ်အတွက် သမိုင်းဝင်မည့် ပထမဆုံး နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ပူးပေါင်းဆောင်ရွက်သည့် Invest Myanmar Summit 2019 တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ “ယခုအချိန်သည် မိမိတို့အားလုံး ရဲရင့်ပြီးရည်မှန်းချက်ကြီးစွာ ထားရှိရတော့မည့် ကာလ ဖြစ်ကြောင်း ပြောကြား”

  • ပြည်ထောင်စုဝန်ကြီးချုပ် ၁၂ ဦး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ၁၀ ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ် ၁၅၀ ကျော်နှင့် ပါဝင်တက်ရောက်သူပေါင်း ၁၆၀၀ နီးပါး မကြုံစဖူး တက်ရောက်ခဲ့
  • ပထမဆုံး တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ခု၏ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ပူးပေါင်းဆောင်ရွက်မှု
  • အမေရိကန်ဒေါ်လာ၂၀ ဘီလီယံတန်ဖိုးရှိ ပုဂ္ဂလိကနှင့် တိုင်းဒေသကြီး စီးပွားရေးစီမံကိန်းပေါင်း ၂၀၀ ကျော်ပြသ

မြန်မာ၊ ဇန်နဝါရီလ ၂၉ ရက် ၂ဝ၁၉ ခုနှစ်။
ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍများတို့မှ ပူးပေါင်းဆောင်ရွက်သည့် Invest Myanmar Summit 2019 အား ယနေ့တွင် စတင်ကျင်းပခဲ့ပြီး နှစ်ရက်တာ ကာလအတွင်း တက်ရောက်သူပေါင်း ၁၆၀၀ နီးပါး ရှိမည်ဟု မျှော်မှန်းထားပါသည်။

ယခုတွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ခု ၏ ပူးပေါင်းပါဝင်မှုမှာ အမှတ်သက်သေ တစ်ခုဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံသူတို့လည်း တွေ့မြင်နိုင်မည့် မြန်မာနိုင်ငံ၏ အရေးပါသော ပြုပြင်ပြောင်း လဲမှုများမှ ရရှိလာမည့် ကောင်းမွန်သော ရှေ့ပြေးသင်္ကေတတစ်ခုလည်း ဖြစ်ပါသည်။ ပူးပေါင်းပါဝင်ကြသော တိုင်းဒေသနှင့်ပြည်နယ်များမှာ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ တန ၤသာရီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့ဖြစ်ကြပါသည်။

နေပြည်တော်ရှိ Myanmar International Convention Centre 2 (MICC-2) တွင် ကျင်းပပြုလုပ်ခဲ့သော ယခုတွေ့ဆုံဆွေးနွေးပွဲအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြား ကာ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

“ယခုအချိန်ဟာ ကျွန်မတို့အားလုံး ရဲရင့်ပြီးရည်မှန်းချက် ကြီးကြီးထားရတော့မယ့် အချိန်ပဲဖြစ်ပါတယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်တွင်းပြည်ပ ရင်းနှီးမြုှပ်နှံသူများအား Invest Myanmar Summit 2019 အတွက် ဦးဆောင်အဖွင့်အမှာစကား ပြောကြားသွားခဲ့ပါသည်။ “ကျွန်မတို့အနေဖြင့်မကြာသေးမီနှစ်များကပင် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် လျက်သလို၊ သိသာထင်ရှားမှု မရှိသော်ငြား အရေးပါသော ပြုပြင်ပြောင်းလဲမှုများကိုလည်း တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ ပြုပြင်ပြောင်းလဲမှု အားလုံး၏ အဓိကရည်ရွယ်ချက်မှာ ဘက်စုံစီးပွားရေး စနစ်တိုးတက်မှုကို ဦးတည်သည့် ဈေးကွက်စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ ဥပဒေနှင့် ညီညွှတ်သော ပတ်ဝန်းကျင်တစ်ရပ်ကို ပိုမိုစနစ်ကျစေရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် မြင့်မားစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ကိုအခြေပြု၍ လိုအပ်သော ပြုပြင်ပြောင်းလဲဖွံ့စည်းမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ၊ လတ်တလော ပြုပြင်ပြောင်းလဲထားသော ဥပဒေပြဌာန်းချက်များ ကို အခြေပြု၍ပြောကြား ခဲ့ပါသည်။

“ကျွန်မအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်ရင်း ရင်းနှီးမြှုပ်နှံမှုများပြားသည့် အခြေအနေတစ်ခုကို အကောင်အထည်ဖော်သွားမည်” ဖြစ်ကြောင်း သူမအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရေးအတွက် ဦးဆောင်သွားခြင်းဖြင့် ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါသည်။

အလားတူပင် ဦးဇော်မင်းဝင်း၏ ကြိုဆိုနှုတ်ခွန်းဆက်စကား၌လည်း နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ အတွက် ပိုမိုလွယ်ကူကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်အား ဖန်တီးရာ တွင် ပုဂ္ဂလိကကဏ္ဍတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါကြောင်းကို ပြောကြားခဲ့သည်။

Invest Myanmar Summit က လက်ငင်းဆောင်ရွက်လို့ရတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ မှန်ကန်တဲ့သတင်း အချက်အလက်တွေကို ပြသထားကြောင်း Invest Myanmar Summit 2019 ၏ ဥက္ကဋ္ဌ ဦးဝေဖြိုး ကပြောကြားခဲ့ပါသည်။ “ ကျွန်တော်တို့ အသေးစိတ်စီစဉ်ပြသထားတဲ့ စီမံကိန်းတွေ၊ အရေးပါတဲ့ နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်များရဲ့ မိန့်ခွန်းတွေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများမှ ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆွေးနွေးပြောဆိုနိုင်မှုတွေတို့ကြောင့် တက်ရောက်လာကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ၎င်းတို့ရဲ့ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်း အတွက်ပိုမိုရှင်းလင်း တဲ့အသိပညာ တွေကို ရယူသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟုလည်း ဦးဝေဖြိုးမှပြောကြားခဲ့ပါသည်။

Invest Myanmar Summit ၌ လက်တွေ့နှင့် လက်ငင်းဆောင်ရွက်နိုင်သော အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကျော်တန်ဖိုးရှိ ဒေသဆိုင်ရာနှင့် ပုဂ္ဂလိကစီမံကိန်းများ ၂၀၀ ကျော် အားရွေးချယ်ပြသထားပြီပါသည်။
“ယခုအချိန်ဟာ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နံှရန် အသင့်တော်ဆုံးသောအချိန်ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ပါသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခုမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံ၏ တန်ဖိုးတွေကို ယုံကြည်လာအောင် ကျွန်တော်တို့က စည်းလုံး ညီညွတ်မှုရှိကြောင်း ပြသရမှာ ဖြစ်ပါတယ်။ အရေးပါတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေ စုစည်းပြီး သူတို့မှာရှိတဲ့ ရင်းနှီးမြှုပ်နှံနိုင်တဲ့ စီမံကိန်းတွေကို ချပြခြင်းက စည်းလုံးညီညွတ်မှု၏ ပြယုဒ်ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့ပါသည်။

“တိုင်းဒေသကြီးနှင့်ပြည်နယ် တစ်ခုစီမှာ ကိုယ်ပိုင်အားသာချက်တွေ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုလိုအပ်နေသော ကဏ္ဍတွေဟာ အစိုးရရဲ့ ထောက်ပံ့မှုကို လိုအပ်ပါတယ်။ ဒါမှလည်း ရင်းနှီးမြှုပ်နှံသူတွေကို ပိုမိုဆွဲဆောင် နိုင်မှာ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ဖန်တီးပြီး ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် လက်တွဲကာ ရန်ကုန်နှင့် မြန်မာနိုင်ငံတို့အား ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု အချက်အချာနေရာ ဖြစ်လာစေချင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့ပါသည်။

“ဤတွေ့ဆုံဆွေးနွေးပွဲသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူအများအပြား တက်ရောက်သော ပွဲဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ၎င်းတို့ဒေသအသီးသီး၏ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများ နှင့် ဒေသလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးအခြေအနေ တိုးတက်လာရန်နှင့် ကဏ္ဍအလုံးစုံတို့၌ တိုးတက်ရေးအတွက် စီမံကိန်းများကို ပြသရန် အကောင်းဆုံးသောအခွင့်အရေးဖြစ်သည်။ ဥပမာ – လူတော်တော်များ ကျွန်တော်တို့ ဒေသရဲ့ အခြေခံဆောက်အအုံများဖြစ်တဲ့ ရေကြောင်းဆိပ်ကမ်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ရခိုင်ပြည်နယ်အတွက်အရေးပါသော အခြားသောလုပ်ငန်းများ တိုးတက်ရေးအတွက် ကျွန်တော်တို့၏ ကြိုးပမ်းမှုများကို သိကြသေးမည် မဟုတ်ပါ” ဟု ရခိုင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) နှင့် ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စီမံကိန်းဘဏ် (National Project Bank) တို့အား အဓိကရေးသားဖွဲ့စည်းသူများ၏ အတွေ့အကြုံနှင့် အသိပညာပေးဆွေးနွေးမှုများမှာလည်း Invest Myanmar Summit 2019 ၏ အခြားအရေးပါသော အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စီမံကိန်းဘဏ် (National Project Bank) သည် အရေးပါသော စီမံကိန်းအားလုံး၏ အချက်အလက်များအား တစ်နေရာထဲတွင် စုဆောင်းထားရှိမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံတော်အစိုးရ၏ ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် MSDP တို့အား ထိရောက်စွာ အကောင်အထည်ဖော်ရာတွင် ထောက်ပံ့ပေးနိုင်မည် ဖြစ်ပါသည်။

နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (NECC) အဖွဲ့ဝင် ဦးမင်းရဲပိုင်ဟိန်းမှ မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေးကဏ္ဍအတွက် MSDP ၏ အခန်းကဏ္ဍ အကြောင်းကို ရှင်းလင်းပြောကြားမည်ဖြစ်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆက်အောင်က ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စီမံကိန်းဘဏ် (National Project Bank) သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် MSDP တို့အား မည်သို့ ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်းကိုလည်း ဆွေးနွေးပြောကြားသွားမည် ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦး အစရှိသည့် ထင်ရှားသော ပုဂ္ဂိုလ်များလည်း တက်ရောက်ဟောပြောမည် ဖြစ်ပါသည်။

“ယခုအချိန်သည် မြန်မာနိုင်ငံ၏ အရေးကြီးသောပြောင်းလဲမှု အချိန်အခါဖြစ်သောကြောင့် Invest Myanmar Summit ကျင်းပခြင်းမှာ အချိန်ကောင်းဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် မြန်မာနိုင်ငံသည် ပထမဆုံးသောမိုဘိုင်းဈေးကွက်ကို တွင်ကျယ်အောင်သုံးစွဲသောနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်သောကြောင့် ဒီဂျစ်တယ်ပလက်ဖောင်းကို ၁၀၀% ပြည့်အသုံးပြု၍ ခိုင်မာစစ်မှန်သော စီးပွားရေးအခွင့်အလမ်း အခြေအနေရှိနေကြောင်း ကျွန်တော်တို့၏ ကမ္ဘောဇမိုဘိုင်းပိုက်ဆံအိတ် (KBZPay) မှာ သက်သေတစ်ခု ဖြစ်ပါသည်။ ဥပမာ KBZPay စတင် စမ်းသပ်မိတ်ဆက်ခဲ့သည့် လွန်ခဲ့သော ခြောက်လမှစတင်၍ ယနေ့ထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ဝယ်ယူအသုံးပြုသူ အင်အား ၁ သန်းကျော်ရှိပြီး အရောင်းကိုယ်စားလှယ်များနှင့် KBZPay အသုံးပြု မိတ်ဖက်လုပ်ငန်းရှင်များစုစုပေါင်း ၄ သောင်းကျော် အထိရှိ၍ ၎င်း၏အရှိန်အဟုန်သည် ဆက်လက်တည်မြဲလျက်ရှိပါသည်။ အထက်ပါ KBZPay စနစ်တွင် မိုဘိုင်းမှတစ်ဆင့် ကိုယ်ပိုင်အချက်အလက်နှင့် ရုပ်ပုံစီစစ်ရေးလုပ်ငန်းများ အားလုံးကို လုပ်ဆောင်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ကြီးမားသောတိုးတက်ပြောင်းလဲမှု အလားအလာများကို ဖေါ်ပြနေပါသည်။

ထို့ကြောင့် မိုဘိုင်းကိုဦးစားပေးသောမျိုးဆက်သစ်များနှင့် စီးပွားရေးမော်ဒယ်ဖေါ်ဆောင်ရန် ရည်မှန်းချက်ရှိသော ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံ၌ ၎င်းတို့၏ ရဲရင့်သောရင်းနှီးမြှုပ်နှံမှုသည် တမူထူးခြားအံံ့သြစရာ အခွင့်အလမ်းများ ကိုဖေါ်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်” ဟု ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် Mr. Mike DeNoma က ပြောကြားခဲ့ပါသည်။

ပိုမိုလွယ်ကူသော စီးပွားရေးလုပ်ဆောင်မှု ပတ်ဝန်းကျင်အား အကောင်အထည်ဖော်မည့် ပထမဆုံး ခြေလှမ်းအဖြစ် တွေ့ဆုံဆွေးနွေးပွဲရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER)၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တို့၏ ပြခန်းများတွင် MyCo ဒီဂျစ်တယ်စာရင်းပေးသွင်းမှုစနစ် အား အသုံးပြုကာ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများအား မှတ်ပုံတင်နိုင်ပါသည်။

Invest Myanmar Summit 2019 အား ပြည်ထောင်စုသမ္မတနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တို့မှ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ပါသည်။

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.