ayeyarawaddy myanmar investment

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဋ္ဌေးဝင်းနှင့် တွေ့ဆုံ​ဆွေး​နွေး

နိုင်ငံတကာလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဧရာဝတီတိုင်းဒေသကြီးတွင်ရှိနေသည်ဟု ဝန်ကြီးပြောကြား

ဧရာဝတီတိုင်းဒေသကြီးရှိ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ရေနက်ဆိပ်ကမ်းဆိုင်ရာလုပ်ငန်းများ၊ အကြီးစားစက်မှုလုပ်ငန်းနှင့် ရေနံဓါတုလုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများရှိနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဋ္ဌေးဝင်းမှ ပြောကြားခဲ့ပါသည်။

မေး။ ။ ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးအဖြစ် သိထားတာကြောင့် စိုက်ပျိုးရေးအကြောင်းနဲ့ စတင်ဆွေးနွေးရအောင်။.

ဖြေ။ ။ စိုက်ပျိုးရေးက ကျွန် တော် တို့ဒေသမှာ အဓိကလုပ်ငန်းကြီးတစ်ခုပါ။ ဧရာဝတီတိုင်းဒေသကြီးမှာ လယ်မြေဧက ၄ ဒသမ ၇ သန်း ရှိပါတယ်။ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက လယ်သမားတွေဖြစ်ပြီး အများအားဖြင့် စပါးကို စိုက်ပျိုးကြပါတယ်။

ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ကွင်းဆက်တွေကို ဟန်ချက်ညီဖို့ ကျွန် တော် တို့ ကြိုးစားနေပါတယ်။ ဒီမှာက ဆန်စပါးလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေပများကြီးရှိပါတယ်။ စပါးစိုက်ပျိုးတာကနေ ပြည်ပကို တင်ပို့တဲ့အဆင့်ထိပေါ့။

ရာသီဥတုပြောင်းလဲမှု၊ လုပ်သားရှားပါးမှုတွေရဲ့ ရိုက်ခတ်မှုကို ကျွန် တော် တို့တွေ ကြုံတွေ့ခဲ့ရတော့ ဆန်စပါးထုတ်လုပ်မှု အဆင့်တိုင်းမှာ လေလွင့်ဆုံးရှုံးမှုတွေကို ရှောင်ရှားဖို့ စက်မှုစိုက်ပျိုးမွေးမြူရေးစနစ် ကူးပြောင်းဖို့ ဘယ်လောက် အရေးပါလည်းကို ကျွန် တော် တို့ နားလည်လာပါတယ်။

ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ဆီက နှစ်ဆင့်ချေးငွေနဲ့ လယ်သမားတွေကို စပါးစိုက်ပျိုးရေးအတွက် စက်ယန္တရား ၃၅၉ခုကို ပေးအပ်ထားပါတယ်။ ဒါပေမဲ့ နောက်ထပ်စက်တွေ အများကြီးလိုပါသေးတယ်။

ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ လယ်သမားတွေကို စက်ယန္တရားတွေ ငှားရမ်းနိုင်တဲ့ အခွင့်အလမ်းတွေရှိသလို ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်းနဲ့ တင်ပို့ခြင်းတွေအပါအဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့အဆင့်ဆင့်မှာလည်း ပါဝင်မြုပ်နှံနိုင်ပါတယ်။ နောက်ပြီးတော့ ကန်ထရိုက်လယ်ယာစနစ်မှာ ရင်းနှီးမြုပ်နှံနိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ ငှက်ပျောသီး၊ ပီလောပီနံနှင့် တခြားသီးနှံတွေကို လယ်သမားတွေက စိုက်ပြီး ပြည်တွင်းပြည်ပကုမ္ပဏီတွေက နိုင်ငံခြားကို တင်ပို့ပါတယ်။

မေး။ ။ ဧရာဝတီတိုင်းဒေသကြီးဟာ မြစ်ဝကျွန်းပေါ်ဒေသတစ်ခုဖြစ်ပါတယ်။ ရေလုပ်ငန်းကဏ္ဍမှာ ရင်းနှီးမြုပ်နှံတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေရှိပါသလား။

ဖြေ။ ။ ဒီတိုင်းဒေသကြီးမှာ ငါးကန်ဧက ၁၂၀,၀၀၀၊ ပုဇွန်ကန်ဧက ၆၃,ဝဝဝရှိပါတယ်။ လက်ရှိကတော့ အခြေခံမွေးမြူရေးနည်းလမ်းတွေပါ။ တကယ်လို့ ပိုပြီးခေတ်မီတဲ့ နည်းလမ်းတွေကိုသာ အသုံးပြုနိုင်ရင် လုပ်ငန်းက တိုးတက်လာမှာပါ။ ဒါ့ကြောင့် ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံသူတွေ လာရောက်လုပ်ကိုင်ဖို့ ကျွန် တော် တို့ဖိတ်ခေါ်ပါတယ်။

အခုချိန်မှာ သာဓကအနေနဲ့ ပြောရရင် လပွတ္တာမြို့နယ်မှာ ပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ ပြည်ပကုမ္ပဏီတစ်ခု (Malaysian firm Texchem Resources ရဲ့ လက်အောက်ခံကုမ္ပဏီ TexChem Marine Labutta ) တို့ဟာ ဂဏန်းပျော့တွေကို မွေးမြူပြီး ပြည်ပကို တင်ပို့လျက်ရှိပါတယ်။

လပွတ္တာမြို့နယ်မှာ ဆားငံရေဝင်တဲ့ မြေဧကက ၇၀၀ ကျော်လောက်ရှိတယ်။ အဲဒီမှာ စပါးကောင်းကောင်းစိုက်လို့မရဘူး။ ဒါ့ကြောင့် အဲဒီနေရာတွေမှာ ဂဏန်းပျော့တွေမေးမြူဖို့ ကုမ္ပဏီတွေကို ဖိတ်ခေါ်နေတာပါ။

မေး။ ။ ဧရာဝတီတိုင်းဒေသကြီးမှာ တည်ဆောက်နေတဲ့ စက်မှုဇုန် သုံးခုရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ နောက်ထပ်အသေးစိတ်အချက်တွေ ပြောပြနိုင်မလား။

ဖြေ။ ။ ကျွန်​​တော်​တို့ ပုသိမ်၊ မအူပင်နဲ့ ညောင်တုံးမြို့နယ်တွေမှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်အသစ် သုံးခု တည်ဆောက်နေပါတယ်။ ပုသိမ်နဲ့ မအူပင်က ဇုန်တွေအတွက်တော့ အခြေခံအဆောက်အအုံက တစ်စိတ်တစ်ပိုင်းတော့ ပြီးနေပါပြီ။ ဒီနှစ် မအူပင်စက်မှုဇုန်က အထည်ချုပ်စက်ရုံတွေက လုပ်ငန်းတွေစမှာပါ။

ဖြေ။ ။ ကျွန်​​တော်​တို့ ပုသိမ်၊ မအူပင်နဲ့ ညောင်တုံးမြို့နယ်တွေမှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်အသစ် သုံးခု တည်ဆောက်နေပါတယ်။ ပုသိမ်နဲ့ မအူပင်က ဇုန်တွေအတွက်တော့ အခြေခံအဆောက်အအုံက တစ်စိတ်တစ်ပိုင်းတော့ ပြီးနေပါပြီ။ ဒီနှစ် မအူပင်စက်မှုဇုန်က အထည်ချုပ်စက်ရုံတွေက လုပ်ငန်းတွေစမှာပါ။ဖြေ။ ။ ကျွန်​​တော်​တို့ ပုသိမ်၊ မအူပင်နဲ့ ညောင်တုံးမြို့နယ်တွေမှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်အသစ် သုံးခု တည်ဆောက်နေပါတယ်။ ပုသိမ်နဲ့ မအူပင်က ဇုန်တွေအတွက်တော့ အခြေခံအဆောက်အအုံက တစ်စိတ်တစ်ပိုင်းတော့ ပြီးနေပါပြီ။ ဒီနှစ် မအူပင်စက်မှုဇုန်က အထည်ချုပ်စက်ရုံတွေက လုပ်ငန်းတွေစမှာပါ။

ဖြေ။ ။ စိုက်ပျိုးရေးနဲ့ရေလုပ်ငန်းထွက်ကုန်၊ ဒေသထွက် ကုန်ကြမ်းနဲ့ သစ်တောထွက်ပစ္စည်းတွေကို ပြုပြင်ထုတ်လုပ်မဲ့ စက်ရုံတွေကို မျှော်လင့်ပါတယ်။ စိုက်ပျိုးရေးဒေသတစ်ခုဖြစ်တော့ စိုက်ပျိုးရေးဆိုင်ရာစက်ယန္တရားနဲ့ ဓါတုမြေသြဇာထုတ်လုပ်သူတွေကို ဆွဲဆောင်ဖို့လည်း မျှော်လင့်ပါတယ်။

စက်မှုဇုန်တွေဟာ အထည်ချုပ်၊ ဖိနပ်ခြေအိတ်နဲ့ အီလက်ထရောနစ်ပစ္စည်းလုပ်ငန်းတွေလို လုပ်အားကဲတဲ့ လုပ်ငန်းတွေအတွက်လည်း သင့်တော်ပါတယ်။

မေး။ ။ လွန်ခဲ့တဲ့လက သမ္မတဦးဝင်းမြင့် ဧရာဝတီတိုင်းဒေသကြီးကိုလာချိန် တံတားသစ်တစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။ ဒီတံတားကြောင့် ရွှေသောင်ယံကမ်းခြေကို သွားလာဖို့ ပိုဖိို့အဆင်ပြေပါတယ်။ ဒီဒေသမှာ ခရီးသွားလုပ်ငန်းရင်းနှီးမြုပ်နှံမှု အခွင့်လမ်းတွေက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ ချောင်းသာနဲ့ ငွေဆောင်က ကမ်းခြေတွေက အတော်လေး ဖွံ့ဖြိုးနေပါပြီ။ ပြီးတော့ ခေတ်မီဟိုတယ်နဲ့ အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းတွေလည်း လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ရွှေသောင်ယံ၊ ဂေါ်ရင်ဂျီနဲ့ မော်တင်တို့မှာ ကမ်းခြေအပမ်းဖြေစခန်းတွေ ဆောက်လုပ်ဖို့ ကျွန်​​တော်​တို့ ကြိုးစားနေပါတယ်။

အခု တံတားသစ်ဖွင့်လိုက်ပြီဆိုတော့ ရွှေသောင်ယံကို ချောင်းသာကနေ ကားမောင်းသွားရင် မိနစ် ၂ဝလောက်ပဲ ကြာတယ်။ အဲဒီကမ်းခြေဟာ ၁၁ မိုင်ရှည်ပြီး သဘာဝအတိုင်းရှိနေပါသေးတယ်။ လှတယ်။ အဲဒီမှာလဲ ဟိုတယ်နဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းရှိပါတယ်။

ပြီးတော့ ဂေါ်ရင်ဂျီနဲ့ မော်တင်မှာလည်း ရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းတွေရှိပါတယ်။ ဂေဟခရီးသွားလုပ်ငန်းဆို သင့်တော်ပါတယ်။

မေး ။ ။ ကမ်းရိုးတန်းလမ်းမသစ်တစ်ခုက ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ကို ဆက်ပေးလိမ့်မယ်လို့ ကျွန်​​တော်​တို့ နားလည်ထားပါတယ်။ ဘာ့ကြောင့် ဒီလမ်းက လိုအပ်တာပါလဲ။ ဒီလမ်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရမယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ။ ။ ကျွန်​​တော်​တို့တိုင်းဒေသကြီးအစိုးရက မြန်မာနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဆောင်ရွက်ဖို့ အာရုံစိုက်နေပါတယ်။

ဧရာဝတီတိုင်းဒေသကြီးက ဂေါ်ရင်ဂျီ၊ ချောင်းသာ၊ ငွေဆောင်၊ မကျီးစင်တို့နဲ့ ရခိုင်ပြည်နယ်က ဂွ၊ သံတွဲတို့နဲ့ ဆက်သွယ်ပေးမဲ့ မိုင် ၁၇၀ ရှည်တဲ့ လမ်းမကြီးတစ်ခုကို ဖောက်လုပ်ဖို့ ကျွန်​​တော်​တို့ ရခိုင်ပြည်နယ်အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ဒီလမ်းမကြီးရဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံရဲ့ အနောက်ဖက်ကမ်းရိုးတန်းဖွံ့ဖြိုးစေဖို့ပါ။ ဒီဒေသမှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ ရေနက်ဆိပ်ကမ်း၊ အကြီးစားစက်မှုဇုန်၊ ရေနံချက်စက်ရုံနဲ့ ရေနံဓါတုလုပ်ငန်းတွေအပါအဝင် လုပ်ငန်းအမျိုးမျိုးလုပ်ဖို့ သင့်တော်တယ်ဆိုတာ ကျွန်​​တော်​တို့ လေ့လာ တွေ့ရှိထားပါတယ်။

ဒီလမ်းတည်ဆောက်ပြီးတာနဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ကမ်းခြေတွေကနေ ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့ မြောက်ဦးကို တိုက်ရိုက်သွားရောက်နိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုသွားနိုင်ရင် ကမ်းရိုးတန်းဒေသတွေလည်း မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။

ဒီလမ်းက သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက်လည်း အရေးပါပါတယ်။ ငရုတ်ကောင်းမှာ ရေအနက်က မီတာ ၂ဝအထိရှိတယ်ဆိုတော့ တန်ချိန် ၁၀၀,၀၀၀ ကနေ ၃၀၀,ဝဝဝအထိရှိတဲ့ သင်္ဘောကြီးတွေ ဝင်ထွက်ဖို့ အလားအလာရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်က ဆိပ်ကမ်းတွေမှာ တန်ချိန် ၂၀,ဝဝဝမကျော်တဲ့ သင်္ဘောတွေသာ ဆိုက်ကပ်နိုင်ပါသေးတယ်။ ရေနက်ဆိပ်ကမ်းတွေကလည်း ရန်ကုန်နဲ့ အတော်ဝေးပါတယ်။ ဒါ့ကြောင့် တကယ်လို့သာ ဧရာဝတီတိုုင်းဒေသကြီးမှာ ရေနက်ဆိပ်ကမ်းတွေသာ တည်ဆောက်နိုင်ရင် သွင်းကုန်ထုတ်ကုန်တွေအတွက် သယ်ယူပို့ဆောင်ရေးစရိတ်ကို လျှော့ချနိုင်ပါလိမ့်မယ်။

မီးလောင်ချိုင့်မှာ တည်ဆောက်နေတဲ့ သဘာဝဓါတ်ငွေ့ရည်ကနေ ၁,၃၉၀ မီဂါဝပ်ထုတ်တဲ့ လျပ်စစ်စီမံကိန်းတစ်ခု ရှိပါတယ်။ တရုတ်ရဲ့ Zhefu Holding Group နဲ့ Supreme Trading တို့က ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂ဒသမ၄ဘီလျံစျေးနဲ့ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကြောင့် အလားတူစီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

အကြီးစားရင်းနှီးမြုပ်နှံမှုအတွက် နောက်ထပ်အခွင့်အလမ်းကတော့ ရေနံချက်စက်ရုံဆောက်လုပ်ခြင်းနဲ့ ရေနံဓါတုစက်ရုံတွေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိလောင်စာဆီနှစ်စဉ်သုံးစွဲမှုက တန်ကိုးသန်းကျော်ရှိပြီး ဒေါ်လာ ခြောက်ဘီလျံကုန်ကျပါတယ်။

ပြည်ပကတင်သွင်းလာတဲ့ ရေနံကနေ သန့်စင်ပြီး ရေနံဓါတုထုတ်ကုန်တွေကိုသာ ထုတ်လုပ်နိုင်ရင် ရင်းနှီးမြုပ်နှံသူတွေအတွက်ရော နိုင်ငံအတွက်ပါ အကျိုးရှိမှာပါ။ ဒီနေရာက အရှေ့အလယ်ပိုင်းနဲ့ အလွယ်တကူသွားလာနိုင်တဲ့ နေရာတစ်ခုဖြစ်တာကြောင့် ရေနံဓါတုစက်ရုံတွေက မြန်မာနဲ့ ပြည်ပစျေးကွက်တွေကို တင်ပို့ရောင်းချနိုင်မှာ ဖြစ်ပါတယ်။

မေး။ ။ ဧရာဝတီတိုင်းဒေသကြီးမှာ ရင်းနှီးမြုပ်နှံမှု ဘယ်လောက်များများ ခွင့်ပြုထားပါသလဲ။

ဖြေ။ ။ မြန်မာ့ရင်းနှီးမြုပ်နှံမှုဥပဒေအရ ဒေသဆိုင်ရာအဆင့်မှာတော့ ဒေါ်လာ ငါးသန်းပမာဏအထိ ရင်းနှီးမြုပ်နှံမှုတွေကို ကျွန်​​တော်​တို့ အတည်ပြုပေးနိုင်ပါတယ်။

မြန်မာ့ရင်းနှီးမြုပ်နှံမှုဥပဒေကို လွှတ်တော်က အတည်ပြုပြီးနောက် ရက်အနည်းငယ်အကြာ ၂၀၁၆ အောက်တိုဘာမှာ ဖွဲ့စည်းပြီးကတည်းက ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဟာ စုစုပေါင်းဒေါ်လာ ၁၂ သန်းနဲ့ ကျပ်ငွေ ၄၉ဒသမ၈ ဘီလျံတန်ဘိုးရှိ စီမံကိန်း ၂ဝကို အတည်ပြုထားပါတယ်။

၂၀၁၆ အောက်တိုဘာကတည်းက မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်ကလည်း စုစုပေါင်းတန်ဘိုး ဒေါ်လာ ၅၉ဒသမရ၄သန်းနဲ့ ကျပ်ငွေ ၁၉၂ဒသမရ၇ ဘီလျံရှိ စီမံကိန်း ၁၁ခုကိုလည်း အတည်ပြုပြီးပါပြီ။

မေး။ ။ ရင်းနှီးမြုပ်နှံသူတွေအတွက် အဓိကစိန်ခေါ်မှုတွေက ဘာတွေပါလဲ။

ဖြေ။ ။ တကယ်တော့ လျပ်စစ်ဖြည့်ဆည်းရေးက စိန်ခေါ်မှုတစ်ခုပါ။ အရင်ကတော့ အိမ်ထောင်စုတွေနဲ့ စက်ရုံတွေအတွက် မီးပေးဖို့ လုံလောက်တဲ့ လျပ်စစ်ဓါတ်အားမရှိခဲ့ဘူး။ ချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းရိုးတန်းဒေသတွေကို မီးပေးဖို့ ပါ၀ါဓါတ်အားလိုင်းနဲ့ ဓါတ်အားခွဲရုံတွေကို တည်ဆောက်နေပြီး ၂၀၁၉ စက်တင်ဘာဆိုရင် ပြီးစီးပါလိမ့်မယ်။

မီလောင်ချိုင့်က သဘာဝဓါတ်ငွေ့ရည်သုံးလျပ်စစ်ဓါတ်အားရုံ ၂၀၂၁မှာ ပြီးတဲ့အခါ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးကို မီးပေးနိုင်တော့မှာပါ။ ဒီအတွက် ပြင်ဆင်မှုတွေ လုပ်နေတယ်။

နောက်ထပ်ပြသနာတစ်ခုကတော့ သယ်ယူပို့ဆောင်ရေးပါ။ လမ်းတွေက မကောင်းသေးပါဘူး။ ဒီလမ်းတွေက အာရှဖွံ့ဖြိ်ုးရေးဘဏ်က ချေးငွေတွေနဲ့ အဆင့်မြင့်နေပါတယ်။ မအူပင်-ဖျာပုံလမ်းကို လေးလမ်းသွားအဖြစ် လက်ရှိအချိန်မှာ အဆင့်မြင့်တင်နေသလို ပုသိမ်-မုံရွာလမ်းကိုလည်း အဆင့်မြင့်တင်နေပါတယ်။ ရန်ကုန်နဲ့ပုသိမ်ကြားလမ်းကိုလည်း လေးလမ်းသွားအဖြစ် အဆင့်မြင့်တင်ဖို့ စီမံကိန်းတွေရေးဆွဲနေပါတယ်။

ယခုအခါ ပုသိမ်မြစ်ကို သောင်တူးစက်ဖြင့် တူးလျက်ရှိရာ မကြာမီ နိုင်ငံခြားကုန်သင်္ဘောများ ပုသိမ်များကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ ရှေးယခင်ကဲ့သို့ပင် ပုသိမ်ဆိပ်ကမ်းမှ ကုန်ပစ္စည်းများ ပြည်ပသို့ တိုက်ရိုက်တင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.