Myanmar agriculture startups sustainable development

ရှင်းလင်းချက် – မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း – MSDP (၂၀၁၈-၂၀၃၀) ကို သြဂုတ်လ အတွင်းက ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် အစိုးရ၏ ပင်မစီမံချက်သည် ဝန်ကြီးဌာနအားလုံး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို ချပေးပါသည်။

လောလောဆယ်တွင်လက်ရှိနှင့် နောင်ဆောင်ရွက်မည့် မူကြမ်းများကို စုစည်းထားသော စာမျက်နှာ (၆၆) မျက်နှာပါ အဆိုပါ စီမံချက်တွင် မဏ္ဍိုင် (၃) ခု၊ ရည်မှန်းချက် (၅) ခု၊ မဟာဗျူဟာ (၂၈) ခုနှင့် လက်တွေ့ ဆောင်ရွက်လုပ်ကိုင်ရေး အစီအစဉ် (၂၅၁) ခု ပါဝင်သည်။

နောင်လာမည့်လများ နှစ်များအတွင်း ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အဆိုပြုတင်ပြချက်များကို MSDP နှင့် မဟာဗျူဟာအရ ကိုက်ညီမှုအပေါ်အခြေခံ၍ စိစစ်သုံးသပ်ပြီးလုပ်ဆောင်ရေးအစီအစဉ်ကို စီမံကိန်းနှင့် အစီအစဉ်များ အဖြစ် ထပ်မံခွဲခြမ်းမည်၊ စိတ်ချရမှုကို စိစစ်မည်၊ အချိန်သတ်မှတ်မည်၊ ကုန်ကျငွေကို တွက်ချက်မည်။

စီမံကိန်းအကောင်အထည်ဖော်ရာတွင် ညှိနှိုင်းမှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် စီမံကိန်းဘဏ်ထူထောင်ထားရှိမည်။ လူထု ပါဝင်မှုကို အားပေးရန် Online Portal တစ်ခုကိုလည်း တည်ထောင်ဖွင့်လှစ်ထားမည်။

အကျဉ်းချုပ်ပြောရလျင် MSDP သည် အလုပ်အကိုင်သစ်များဖန်တီးရေးနှင့် ပုဂ္ဂလိက ကဏ္ဍကို စီးပွားရေးဖွံ့ဖြိုးမှု၏ ပင်မအင်ဂျင်မောင်းနှင်အားအဖြစ် အသိအမှတ်ပြုပြီး ဈေးကွက်အခြေခံ ဖြေရှင်းနည်းကို ဦးစားပေးသည်။ ရင်းနှီးမြှုပ်နှံသူ များအတွက် လာမည့်လများ၊ နှစ်များအတွင်း ထွက်ပေါ်လာဖွယ်ရှိသော အခွင့်အလမ်းများနှင့် အစိုးရ၏ ဦးစားပေး အစီအစဉ်များ၏ လမ်းညွှန်သဖွယ် MSDP ကို အသုံးပြုနိုင်ပေသည်။

ဤစီမံကိန်းတစ်ခုလုံးကို ဖတ်ရှုရန်အချိန်မရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် အဓိကအချက်များကို ဖော်ပြသည့် အောက်ပါလမ်းညွှန်ချက်များကို ဖတ်ရှုရန်ဖြစ်ပါသည်။

ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးကတော့ ထိပ်တန်းဦးစားပေးအစီအစဉ် ပထမ မဏ္ဏိုင်၊ ပထမ ရည်မှန်းချက်နှင့် ပထမမဟာဗျူဟာပင်ဖြစ်သည်။ အကြောင်းမူ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့သည် အတူတူလက်တွဲ၍ သွားသည်ဟု အစိုးရက ယုံကြည်သောကြောင့်ဖြစ်သည်။

MSDP သည် ဘဏ္ဍာရေးဆိုင်ရာ Federal ဝါဒကို ဦးတည်ပြီး သဘာဝသယံဇာတ စီမံခန့်ခွဲမှုအား ဗဟိုမှ ချုပ်ကိုင်မှုကို ဖြေလျော့ပေးရန် ရည်ရွယ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ဟန်ချက်ညီသော ဖွံ့ဖြိုးမှုရအောင်လုပ်မည်၊ နိုင်ငံ၏ ဖွံ့ဖြိုးမှုနည်းပါးသေးသောဒေသတွင် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုကို အစိုးရက ထောက်ခံပြီး ဦးစားပေးမည်ဟု ဆိုလိုသည်။

အုပ်ချုပ်မှု

MSDP သည် ထိရောက်မှု၊ တာဝန်ခံမှုနှင့် အုပ်ချုပ်ရေးအဆင့်တိုင်းတွင် ချမှတ်သော ဆုံးဖြတ်ချက်များ၏ ကြိုတင်မှန်းဆနိုင်မှုတို့ တိုးတက်ကောင်းမွန်လာဖို့ ရည်ရွယ်ပါသည်။ အစိုးရသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဆက်နွယ်သော ဥပဒေနှင့် ဥပဒေလိုက်နာရေးဆောင်ရွက်မှုများ၊ မူဝါဒများကို ပြန်လည်သုံးသပ်ပြီး အားကောင်းအောင်လုပ်ဆောင်ဖို့ ရည်ရွယ်သည်။ နိုင်ငံအဆင့်နှင့် အောက်အဆင့်များတွင် ပြည်သူ့ဘဏ္ဍာဖြင့် ဝယ်ယူရေးအတွက် အပြိုင်တင်ဒါစနစ်နှင့် ပွင့်လင်းမြင်သာရှိမှုကို ထူထောင်ထားရှိမည်။

အကြီးစားစီးပွားရေး

ဘဏ္ဍာရေးဆိုင်ရာ သတိရှိရေးမှာ အဓိကလိုရင်းအချက်ပင်ဖြစ်သည်။ အစိုးရက ဘတ်ဂျက်လိုငွေကို ပြည်တွင်း အသားတင်ထုတ်လုပ်မှု၏ ၅ ရာခိုင်နှုန်းအောက်ထားလိုသည်။ တစ်ချိန်တည်းမှာပင် ဗဟိုဘဏ်၏ အထောက်အပံ့ကို မဆိုစလောက်အဆင့်ထက် မပိုစေရန် လျော့ချလိုသည်။

ငွေလဲလှယ်နှုန်းနှင့် ငွေပေးငွေယူရှင်းတမ်းကို ထိထိရောက်ရောက်ကိုင်တွယ်နိုင်ရန် ဗဟိုဘဏ်သည် ဈေးကွက်အခြေပြုစနစ်ဆီသို့ ရှေးရှုပြီး တရားမဝင်ငွေလွှဲစနစ်ကို တရားဝင်ဖြစ်အောင်လုပ်မည်။ အဆုံးတစ်နေ့တွင် နိုင်ငံခြားအရံငွေကို နိုင်ငံပိုင်ဘဏ်များတွင် မထားဘဲ ဗဟိုဘဏ်တွင်ထားရှိမည်။ နိုင်ငံခြားငွေ လဲလှယ်မှုအန္တရာယ်ကို လျော့ပါးစေရန် ငွေလဲ လေလံဈေးများ ထူထောင်ပြီး ပြည်တွင်းဘဏ်များ၏ နိုင်ငံခြားငွေ ဝယ်လိုအားကို ကူညီဖြည့်ဆည်းပေးမည်။ Interbank, repo နှင့် bond ဈေးကွက်အပါအဝင် ဘဏ္ဍာရေးဈေးကွက်များထူထောင်၍ စီးပွားရေးခိုင်မာအောင်လုပ်ဆောင်မည်။

အခွန်

မြန်မာနိုင်ငံတွင် အခွန်မှရသော ဘဏ္ဍာငွေမှာ GDP ၏ ၈ ရာခိုင်နှုန်းသာရှိရာ ASEAN ထဲတွင် အနည်းဆုံးပင်ဖြစ်သည်။ အစိုးရသည် အခွန်ဘဏ္ဍာသိသိသာသာတိုးတက်ရရှိရန် ရည်ရွယ်ထားသည်။

ပြည်တွင်းအခွန်ဦးစီးဌာန IRD ၏ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်မှုယန္တရားနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ကိုပြုပြင်ပြောင်းလဲမည်။ အီလက်ထရောနစ်ငွေပေးစနစ်ကို တိုးချဲ့မည်၊ အခွန်အုပ်ချုပ်မှု ဥပဒေအသစ်၊ ဝင်ငွေခွန်ဥပဒေနှင့် VAT ဥပဒေအပါအဝင် ခေတ်မီအခွန်ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းမည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (State-Economic Enterprises – SEE)

SEE အရည်အတွက် အနည်းငယ်မှာ အစိုးရအတွက် အရေးပါသော ဘဏ္ဍာငွေရရှိရာ လုပ်ငန်းများဖြစ်သည်။ သို့သော်အများစုမှာမူ နိုင်ငံအတွက် ဝန်ထုတ်ဝန်ပိုးများသာဖြစ်နေသည်။ MSDP သည် SEE များကို ၎င်းတို့၏ လုပ်ငန်းအရ အမျိုးအစားခွဲခြားမည်။ ပွင့်လင်းမြင်သာမှုနှင့် ကြီးကြပ်မှုတိုးမြှင့်ပြီး ငွေကြေးထောက်ပံ့မှုကို ပြုပြင်မည်။ အချို့လုပ်ငန်းများကို တစ်ဝက်တစ်ပျက် သို့မဟုတ် လုံး၀ ပုဂ္ဂလိကပိုင်လုပ်ပစ်မည်။ အစိုးရက စည်းကမ်းဥပဒေလိုက်နာရေးကိုသာ အာရုံထားလုပ်ကိုင်မည်။

ဦးစားပေးကဏ္ဍများ

ပုဂ္ဂလိကကဏ္ဍကို ပတ်ဝန်းကျင်ထိန်းသိမ်းမှုအသိရှိသော၊ လူမှုရေးတာဝန်သိသော စီးပွားရေးဖွံ့ဖြိုးမှု မောင်းနှင်အားအဖြစ် တိုးချဲ့ခြင်းနှင့်အတူ အရည်အချင်းရှိသောအလုပ်အကိုင်များ ဖန်တီးပေးရေးကို MSDP က အလေးထားလုပ်ကိုင်မည်၊ လက်ရှိစီးပွားရေးအဆောက်အအုံအရ စိုက်ပျိုးရေးနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများကို ဦးစားပေးလုပ်မည်။

ဈေးကွက်ရရှိရေး၊ ငွေကြေးအရင်းအနှီးရရှိရေး၊ မြေလုပ်ကိုင်ခွင့် လုံခြုံစိတ်ချရမှု၊ စက်ကိရိယာနှင့် နည်းပညာရရှိနိုင်မှုတို့ကို တိုးတက်ကောင်းမွန်စေးခြင်းဖြင့် ဤကဏ္ဍများ၏ ဖွံ့ဖြိုးမှုကို အစိုးရက အားပေးကူညီဆောင်ရွက်မည်။

အမျိုးသားဆန်းသစ်ရေးမူဝါဒအရ ပြည်တွင်းစွန့်ဦးတီထွင်သူများနှင့် စီးပွားစတင်လုပ်ကိုင်မည့်သူများကို ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပါဝင်လာအောင်အကူအညီပေးမည်။ ဆက်စပ်ကာလတွင် အစိုးရသည် နောင်မဝေးတော့သည့် ကာလတွင် ရောက်လာတော့မည့် ဒစ်ဂျစ်တယ်စီးပွားရေးအတွက် ပြင်ဆင်ထားသည့်အနေဖြင့် ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ တိုးတက်အောင်လုပ်ဆောင်မည်။

ကုန်သွယ်ရေး

ကုန်သွယ်ရေးမူဝါဒကို လစ်ဘရယ်အခြေခံမူများနှင့်အညီ ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ တာဝန်ခံမှုများအရ ပြန်လည်ပြင်ဆင်လျက်ရှိသည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကုန်သွယ်မှုနှင့် ဆက်နွယ်သော အခြားအဖွဲ့အစည်းများကို ပြန်လည်ဖွဲ့စည်းမည်။ ကုန်သွယ်မှုနှင့် အကောက်ခွန် လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းအောင်ပြုပြင်ပြီး ခိုင်မာအောင်လုပ်ဆောင်မည်။ သွင်းကုန်ခွန်ကို ကျိုးကြောင်းညီညွတ်စွာ ပြင်ဆင်သတ်မှတ်ပြီး ရှင်းလင်းပြတ်သားသည့် လမ်းညွှန်ချက်များ ပြဋ္ဌာန်းထုတ်ပြန်မည်။

ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ
လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအောက်ကသာ တရားဝင်ဘဏ္ဍာရေးဝန်ဆောင်မှုကို ရရှိကြပြီး ပြည်တွင်းဘဏ္ဍာရေးအင်စတီကျူးရှင်းများတွင် လုပ်ကိုင်နိုင်စွမ်းအပေါ် ကန့်သတ်ထားသောကြောင့် ယခုကဏ္ဍအပေါ် ဖြေလျှော့ပေးရန် လိုအပ်သည်။

ပြည်တွင်းမှ ငွေးချေးယူသူများကို ကျပ်ငွေ၊ နိုင်ငံခြားငွေတို့ဖြင့်ထုတ်ချေးပေးရန်နှင့် ပြည်တွင်းဘဏ်များနှင့် အတူ ဘဏ်များအကြား ငွေချေးပေးခြင်းတို့တွင်ပါဝင်ရန် နိုင်ငံခြားဘဏ်များကို ခွင့်ပြုမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံခြားဘဏ်များသည် ပြည်တွင်းဘဏ်များတွင်လည်း ပိုင်ဆိုင်ခွင့်ရယူနိုင်မည်ဖြစ်သည်။ ပြည်တွင်းဘဏ်အဖွဲ့အစည်များနှင့် ပြည်ပဘဏ်အဖွဲ့အစည်းများကြား မိတ်ဖက်ဆောင်ရွက်မှုကို အားပေးမည်ဖြစ်သည်။

နိုင်ငံပိုင်ဘဏ်များကို ပြုပြင်ပြောင်းလဲရလိမ့်မည်။ မိုဘိုင်းနှင့် ဘဏ္ဍာရေးနည်းပညာဝန်ဆောင်မှုများကို ချဲ့ထွင်မည်။ နောက် ကျယ်ပြန့်သည့် အသေးစားငွေချေးလုပ်ငန်းကဏ္ဍ မဟာဗျူဟာကို ဖွံ့ဖြိုးအောင်လုပ်မည်။ အာမခံကဏ္ဍကိုလည်း ခိုင်မာအောင်လုပ်ပြီး နောက်ထပ်ဖြေလျော့ပေးမည်။

ပြည်ပရောက်နိုင်ငံသားများက ပြည်တွင်းစီးပွားရေးကို ထောက်ကူမှုမြင့်မားစေရန်ရွှေ့ပြောင်းလုပ်သားများ အတွက်တိုးတက်သည့် နယ်စပ်ဖြတ်ကျော်ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများကို ဖွံ့ဖြိုးအောင်လုပ်မည်။

အခြေခံအဆောက်အအုံ
ဦးစားပေးလုပ်ငန်းများတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ အရေးပါသည့် အခြေခံအဆောက်အအုံ၊ ကျေးလက်ဒေသများရှိ အခြေခံအဆောက်အအုံနှင့် ပိုမိုကြီးမားသည့် မြို့ပြကျေးလက်ဆက်သွယ်မှုကို လွယ်ကူချောမောစေသည့် အခြေခံအဆောက်အအုံတို့ပါဝင်သည်။

မူအားဖြင့် စီးပွားရေးအရ အလားအလာရှိသော အမြတ်ရရန်သေချာသော အခြေခံအဆောက်အအုံ စီမံကိန်းများကို အစိုးရ-ပုဂ္ဂလိကဖက်စပ်လုပ်ငန်းများနှင့် တခြားဆန်းသစ်သည့် ငွေကြေးထောက်ပံ့သည့် ဘဏ္ဍာရေးပုံစံများမှတဆင့် ဆက်လက်ဆောင်ရွက်မည်။ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ရှင်းလင်းသည့် အကျိုးသက်ရောက်မှုရှိသည့် စီမံကိန်းများကို အစိုးရ သို့မဟုတ် ဖွံ့ဖြိုးရေးအကူအညီဖြင့် ငွေကြေးထောက်ပံ့မည်ဖြစ်သည်။

နိုင်ငံတကာသယ်ယူပို့ဆောင်ရေးစြင်္ကန်လမ်းများကို အဆင့်မြှင့်တင်မည်။ ရထားလမ်းများကို ချဲ့ထွင်ကာ ခေတ်မီအောင်ပြုလုပ်မည်။ ကျေးလက်သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုကိုလည်း အမျိုးသားကျေးလက်လမ်း အသုံးပြုနိုင်ရေးအစီအစဉ်သစ်တစ်ခုမှတဆင့် အပါအဝင် တိုးတက်အောင်လုပ်မည်။

ပညာရေးနှင့် ကျန်းမာရေး
ပညာရေးစနစ်သည် အားကောင်းသည့်စီးပွားရေးအတွက် မရှိမဖြစ်လိုအပ်သည်ဟု အစိုးရက ရှုမြင်ပြီး အားကောင်းသည့်ပညာရေးစနစ်ဖြစ်ပေါ်ရေးကို ပံ့ပိုးမည်ဖြစ်သည်။

ကျန်းမာရေးတွင် ရင်းနှီးမြုပ်နှံမှုသည်လည်း အရေးတကြီးလိုအပ်နေပြီး ပုဂ္ဂလိကကဏ္ဍ ကျန်းမာရေးလုပ်ငန်းဆောင်ရွက်သူများအတွက် အခွင့်အလမ်းများ ရှိလာမည်ဖြစ်သည်။ ကျန်းမာရေးရင်းနှီးမြုပ်နှံမှုများကို ဦးစားပေးရန် ပွင့်လင်းမြင်သာမှုရှိသည့် စနစ်တစ်ခုကို ထူထောင်မည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်က သဘာဝပတ်ဝန်းကျင်နှင့် ဂေဟဗေဒစနစ်များကို ကာကွယ်ရန် ထိန်းသိမ်းမှုပြုလုပ်ခြင်း၊ တိုးတက်သည့်အခြေခံအဆောက်အအုံ စီမံကိန်းရေးဆွဲခြင်းနှင့် သဘာဝအရင်းအမြစ်များကို တရားမဝင် ပျက်စီးစေသည့်လုပ်ဆောင်ချက်များကို အရေးယူရန် ပြဋ္ဌာန်းခြင်းတို့ဖြင့် ကြိုးပမ်းလျက်ရှိသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် သဘာဝပတ်ဝန်းကျင်မထိခိုက်သည့် ရင်းနှီးမြုပ်နှံမှုများနှင့် မြို့ပြစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို အားပေးမည်ဖြစ်သည်။

လျှပ်စစ်
မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်မှာ မကြာသေးမီနှစ်များအတွင်း သိသိသာသာ မြင့်မားလာသည်။ လိုအပ်ချက်ကိုဖြည့်ဆည်းရန် ပြန်လည်ပြည့်ဖြိုးမြဲနှင့် ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သည့် စွမ်းအင်အရင်းအမြစ်များကြား ဟန်ချက်ညီမျှရန် အစိုးရက လိုလားနေသည်။

ဆန်းသစ်၍ စဉ်ဆက်မပြတ်ရရှိသည့်စွမ်းအင်တွင် ရင်းနှီးမြုပ်နှံမှုမှာ ဦးစားပေးဖြစ်ကာ နေရောင်ခြည်၊ လေ၊ ရေနှင့် ဘူမိအပူစွမ်းအင်တို့ကဲ့သို့ မြန်မာနိုင်ငံတွင် ပေါကြွယ်ဝသည့် စွမ်းအင်အရင်းအမြစ်များကို အသုံးချနိုင်သည်။

စွမ်းအင်ထုတ်လုပ်ဖန်တီးခြင်းအပြင် နယ်စပ်ဖြတ်ကျော်ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတို့တွင် ပုဂ္ဂလိကကဏ္ဍ ပိုမိုပါဝင်လာစေရေး ချောမောအောင်လုပ်ဆောင်ပေးရန် MSDP က ရည်ရွယ်ထားသည်။

သဘာဝသယံဇာတ
သဘာဝရင်းမြစ်များသည် သမိုင်းတစ်လျှောက် လွဲမှားသည့် စီမံခန့်ခွဲမှု၊ ပွင့်လင်းမြင်သာ မရှိမှုတို့ကြောင့် မြန်မာနိုင်ငံ မဖွံ့ဖြိုးရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်နေသည်။

ယခုအခါ ဦးစားပေးလုပ်ငန်းများမှာ သစ်တောများ၊ မြစ်များ၊ ဒီရေတောများ၊ တောင်ရှိရာဒေသများ၊ ရေကန်များနှင့် ကမ်းရိုးတန်းဒေသများကို ကာကွယ်ခြင်း စဉ်ဆက်မပြတ် စီမံခန့်ခွဲခြင်းနှင့် သဘာဝရင်းမြစ်များကို စဉ်ဆက်မပြတ်စီမံရန် လိုအပ်သည့် အဆင့်အားလုံးတွင် လိုအပ်သောအင်စတီကျူးရှင်းများဖွံ့ဖြိုးရေးအပါအဝင် ရေရှည်မြေယာ စီမံခန့်ခွဲမှုတို့ဖြစ်သည်။

မြေကြီးမှသယံဇာတထုတ်ယူသည့်လုပ်ငန်းများမှ ရရှိသည့်အခွန်များကို ပွင့်လင်းမြင်သာမှုရှိရှိ စီမံခန့်ခွဲရန်နှင့် သယံဇာတထုတ်ယူသည့်လုပ်ငန်းများပွင့်လင်းမြင်သာမှုအစီစဉ်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ဆောင်ရွက်ချက်များကို အရှိန်မြင့်လုပ်ဆောင်ရန် MSDP ကရည်ရွယ်ထားသည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးသည့် မြို့ကြီးများ
စဉ်ဆက်မပြတ်ကောင်းမွန်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များနှင့် တန်ဘိုးနည်းအိမ်ယာ များအတွက် အစီစဉ်အပါအဝင် အမျိုးသားအိမ်ယာမဟာဗျူဟာတစ်ခု ဖွံ့ဖြိုးရန် အစိုးရက ရည်ရွယ်ထားသည်။

ခရီးသွားလုပ်ငန်းကဏ္ဍအစဉ်ချဲ့ထွင်မှုအောင်မြင်ရေး၊ ယဉ်ကျေးမှုနှင့် ဂေဟခရီးသွားလုပ်ငန်းတို့ကို အဓိကထား၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

အကောင်အထည်ဖော်ခြင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနသည် MSDP အကောင်အထည်ဖော်မှုအတွက် အဓိကကျသည့်အရာဖြစ်သည်။ ဝန်ကြီးဋ္ဌာနက MSDP အကောင်အထည်ဖော်ရေးယူနစ်ဋ္ဌာနကို နေရာပေးထားပြီး လမ်းညွှန်မှုပေးခြင်း၊ မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်များကို အတည်ပြုခြင်းနှင့် မဟာဗျူဟာမြောက်ပြသနာများကို ဖြေရှင်းခြင်းတို့အတွက် ၎င်းယူနစ်တွင် တာဝန်ရှိသည်။

MSDP အကောင်အထည်ဖော်ရေးယူနစ်တွင် အမျိုးသားစီးပွားရေးညိနှိုင်းရေးကော်မတီ၊ ဖွံ့ဖြိုးရေးအကူအညီညိနှိုင်းရေးယူနစ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၏ စီမံကိန်းနှင့် မူဝါဒအကဲဖြတ်ချက်ဋ္ဌာန၊ တိုးတက်မှုအစီရင်ခံဋ္ဌာနတို့ပါဝင်သည်။ ထို့အပြင် တိုးတက်မှုကို အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌကိုလည်း အစီရင်ခံမည်ဖြစ်သည်။

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.