Invest Myanmar Summit 2019 Investment

Invest Myanmar Summit 2019 ရင်းနှီးမြှုပ်နှံမှု အလုပ်ရုံဆွေးနွေးပွဲ ခံစားချက်နှင့် အခွင့်အလမ်းများ

2019 Myanmar Investment Summit ၏ အဓိကထူးခြားချက်တစ်ခုမှာ ပြည်နယ်နှင့်တိုင်းဒေသကြီးများက တိုက်ရိုက်ပါ၀င်လာကြခြင်းဖြစ်သည်။ ယခု Summit တွင် ပြည်နယ်တိုင်းဒေသကြီး (၁၀) ခုထက်မနည်းပါ၀င်ကြမည်ဖြစ်ရာ ၎င်းတို့၏ဒေသများသို့ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် ရင်းနှီးမြှုပ်နှံမည့်သူများနှင့် တက်ကြွစွာ တွေ့ဆုံခွင့်ရကြ မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သော Sandanila Investments မှ ‘သီရိသန့်မွန်’ သည် ရင်းနှီးမြှုပ်နှံမှုကို မည်သို့ဆွဲဆောင်ရမည်ဆိုသည်ကို အလုပ်ရုံဆွေးနွေးပွဲများ၏ ပထမဆုံးအဖြစ် နိုဝင်ဘာလလယ်တွင် လုပ်ဆောင်ခဲ့သည်။

“ပါ၀င်ဆွေးနွေးသူတွေကြားမှာ အတော်ထဲထဲဝင်ဝင်ဆွေးနွေးပြောဆိုခွင့် ရခဲ့ကြပါတယ်၊ တိုင်းနဲ့ ပြည်နယ်က ဒေသခံအစိုးရတွေ၊ ဒေသခံ MIC နဲ့ DICA ကိုယ်စားလှယ်တွေ၊ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ကိုင်နေသူတွေ ပါ၀င်ခဲ့ကြပါတယ်၊ လူတိုင်းဟာ သူတို့ဒေသနဲ့ တိုင်းပြည်အတွက် ထက်ထက်သန်သန်ဖြစ်နေကြတာ အားတက်စရာအကောင်းဆုံးပါ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ ဘာတွေလိုအပ်တယ်ဆိုတာကို လက်တွေ့ကျကျသိရှိလာကြပါတယ်” ဟု သီရိသန့်မွန်က ပြောပါသည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဗဟိုဦးစီးစီးပွားရေးစနစ်လက်အောက်တွင် နေခဲ့ရပါသည်။ ဤအခြေအနေမှ စျေးကွက်စီးပွားရေးသို့သွားရန် စပ်ကူးမတ်ကူးကာလမှာပင် ရှိသေးသည်ဖြစ်ရာ စိန်ခေါ်မှုများကို မျှော်လင့်ထားရမည်သာဖြစ်ပါသည်။နိုင်ငံသည် စီးပွားလုပ်ဖို့ အဆင်ပြေရမည်၊ ရင်းနှီးမြှုပ်နှံမှုအတွက် အဆင်ပြေရမည်။ လုပ်ငန်းတွင် တွေ့ကြုံရသော အခက်အခဲပြဿနာများကို အသိအမှတ်ပြုခြင်း၊ ဖြေရှင်းပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို ယှဉ်ပြိုင်ဆွဲဆောင်နိုင်ရမည်။ ရင်းနှီးမြှုပ်နှံသူများအား စိတ်ဝင်စားလာအောင် လျှို့ဆော်ပေးနိုင်မည့်အရာများကို သိနားလည်ရမည်၊ ယခုအလုပ်ရုံဆွေးနွေးပွဲသည် ဤသည်တို့ကို နားလည်သိမြင်လုပ်ဆောင်နိုင်ရန် ပါ၀င်သူများအား အခွင့်အလမ်းကို ပေးနိုင်ခဲ့ပါသည်။

“မယုံနိုင်လောက်အောင် အကောင်းမြင်ခံစားမှုတွေနဲ့ ကျွန်မ အလုပ်ရုံဆွေးနွေးပွဲက ထွက်လာခဲ့တယ်၊ နိုင်ငံတလွှား ကဏ္ဍပေါင်းစုံမှာ အခွင့်အလမ်းတွေအများကြီးရှိနေတယ်၊ နိုင်ငံအဆင့်မှာ စီမံကိန်းဘဏ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှာ ဦးစားပေးစီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံနိုင်တဲ့ စီမံကိန်းတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံဖို့

Invest Myanmar Summit in January 2019 ဖွင့်ပွဲမှာ ပါ၀င်ဆင်နွှဲကြပါစို့။

nvest Myanmar Summit 2019 investment
nvest Myanmar Summit 2019 investment
Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.