fbpx

INVEST MYANMAR SUMMIT 2019

၂၈ - ၂၉ ရက် ဇန်နဝါရီလ ၂၀၁၉ • နေပြည်တော်၊ မြန်မာ

ဈေးနှုန်းအားလုံးကို ကျွနု်ပ်တို့၏ websites (https://investmyanmar2019.com) နှင့် Mobile App ဖြစ်သည့် IMS 2019 တွင် ကြည့်ရှုနိုင်ပါသည်။ ကုန်သွယ်ခွန်ပါပြီး ဖြစ်ပါသည်။

ငွေပေးချေမှု

မြန်မာနိုင်ငံသားများ Visa, Master နှင့် MPU တို့မှ debit နှင့် credit card များအနေဖြင့် ပေးချေနိုင်ပါသည်။ ငွေပေးချေမှုအားလုံးကို တိကျမှန်ကန်မှုရှိအောင် အလိုလျောက်လွဲပြောင်းမှုစနှစ်ဖြင့် လုပ်ဆောင်ထားပါသည်။

အော်ဒါပယ်ဖျက်ခြင်းနှင့် ငွေပြန်အမ်းမှု မူဝါဒများ

ဝယ်ယူသူက ငွေချေပြီး၊ အတည်ပြုပြီး အော်ဒါတစ်ခုကို အသိပေး၍ဖြစ်စေ၊ အသိမပေးဘဲဖြစ်စေ မည်သည့် အကြောင်းပြချက်နှင့်မဆို ကျွနု်ပ်တို့က ပယ်ဖျက်ခြင်း၊ အဆုံးသတ်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။ ဤသို့ ပယ်ဖျက်ခြင်း အဆုံးသတ်ခြင်းအတွက် မည်သည့်အဖွဲ့ကိုမျှလည်း လျော်ကြေးပေးရန်တာဝန်မရှိ၊ ဤသို့ဖြစ်လာလျှင် ဝယ်ယူသူကို လက်မှတ်တန်ဖိုး ကျွနု်ပ်တို့က ပြန်အမ်းပေးပါမည်။

၀ယ်ယူသူဖက်မှ ငွေပေးချေပြီး၊ အတည်ပြုပြီး အော်ဒါအားပယ်ချက်ခြင်းကို ကျွနု်ပ်တို့ လက်ခံစဉ်းစားမည် မဟုတ်ပါ။

လဲလှယ်ခြင်းနှင့် ငွေပြန်အမ်းခြင်း

ရောင်းချပြီး လက်မှတ်အားလုံးကို လှဲလှယ်ခြင်း၊ ငွေပြန်အမ်းခြင်း ပြုလုပ်ပေးမည် မဟုတ်ပါ။

ငွေပေးချေမှုအားလုံးကို လျှို့ဝှက်ပေးထားခြင်း

ဝယ်ယူသူ၏ ကိုယ်ရေးအချက်အလက်များနှင့် ငွေပေးချေမှုအားလုံးကို တင်းကြပ်စွာ လျှို့ဝှက်ပေးထားမည်။ ကျွနု်ပ်တို့၏ လျှို့ဝှက်သိုသိပ်စွာ ထိမ်းသိမ်းထားပေးသည့် ကိုယ်ရေးကိုယ်တာဆိုင်ရာ မူဝါဒများကို https://investmyanmar2019.com/mm/ကိုယ်ရေးကိုယ်တာဆိုင်ရာ/ တွင် ကြည့်ရှုနိုင်ပါသည်။

အသိပညာပစ္စည်း မူပိုင်ခွင့်

မူပိုင်ခွင့်အပါအဝင် လုပ်ပိုင်ခွင့်အားလုံးသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ UMFCCI ၏ အပြည့်အဝထိမ်းချုပ်မှုအောက်တွင်ရှိပြီး UMFCCI ကသာ ပိုင်ဆိုင်သည့် Website နှင့် Mobile App ၏ မည်သည့်အစိတ်အပိုင်းကိုမျှ၊ မည်သည့်ပုံစံမျိုးနှင့်မျှ ကျွနု်ပ်တို့၏ စာဖြင့်ရေးထားသော ခွင့်ပြုချက်မပါဘဲ တစ်ဆင့်ကူးယူ ခြင်းမပြုရ။

ကျွနု်ပ်တို့၏ Website (သို့) Mobile App သို့ ဝင်ပါက သင်တစ်ဦးတည်းအတွက်သာ စီးပွားရေးကိစ္စမပါဘဲ download ဆွဲ၍ ကြည့်ရှုလေ့လာနိုင်ပါသည်။ UMFCCI ၏ စာဖြင့် ကြိုတင်ခွင့်ပြုချက်မရဘဲ –

  1. download ဆွဲခြင်း၊ ကူးယူခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း (မည်သည့် မီဒီယမ်၊ ပုံစံနှင့်မျှ) မပြုလုပ်ရ။
  2. အခြား website (သို့) webpage ပေါ်တွင် ထပ်မံရိုက်နှိပ်ခြင်း၊ ထုတ်ဝေခြင်း၊ ရုပ်သံလွှင့်ခြင်း၊ ထုတ်လွှင့်ခြင်း ပြသခြင်းမပြုရ (သို့) အခြားမည်သည့် medium နှင့် မျှမပြုလုပ်ရ။
  3. အခြားရည်ရွယ်ချက်တစ်ခုအတွက် ပြုပြင်သုံးစွဲခြင်း၊ ပြောင်းလဲခြင်း မပြုလုပ်ရ။

ကျွနု်ပ်တို့၏ မူပိုင်ခွင့် (သို့) အခြား ဉာဏပစ္စည်း မူပိုင်ခွင့်ကို ချိုးဖောက်ခြင်း (သို့) အထပ်ထပ်ချိုးဖောက်ခြင်း ပြုလုပ်သူအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ဥပဒေကြောင်းအရအရေးယူပိုင်ခွင့်ရှိသည်။

ကျွနု်ပ်တို့၏ ဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်းများ အပြောင်းအလဲ

ကျွနု်ပ်တို့၏ဝန်ဆောင်မှုကို တိုးချဲ့သည့်အလျောက် ကျွနု်ပ်တို့၏ ဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်းများကို အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခွင့်ရှိသည်။ ဤသို့ပြင်ဆင်ပြောင်းလဲတော့မည်ဆိုသည့်အကြောင်းကို ကျွနု်ပ်တို့၏ home page တွင် ကြိုတင်၍ အသိပေးတင် ထားပါမည်။ ဤပေါ်လစီ ပြင်ဆင်ပြောင်းလဲပြီးနောက် website (သို့) mobile App အသုံးပြုခြင်းသည် ကျွနု်ပ်တို့၏ ပေါ်လစီ ပြင်ဆင်ပြောင်းလဲမှုကို သင်လက်ခံသည်ဟု ယူဆမည်။

PARTNERS

Sorry, we couldn't find any posts. Please try a different search.

Sorry, we couldn't find any posts. Please try a different search.

Sorry, we couldn't find any posts. Please try a different search.

KNOWLEDGE PARTNERS

Sorry, we couldn't find any posts. Please try a different search.

MEDIA PARTNERS

SPONSORS

MEDIA PARTNERS

စီစဉ်သူအကြောင်း
သတင်းစာလွှာရယူရန် အမည်စာရင်းသွင်းပါ