Chin State Myanmar Textile Tourism

ချင်းပြည်နယ်ရှိ အဝတ်အထည်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ

၎င်း၏ဝေးလံခေါင်သီသောအရပ်တွင်တည်ရှိမှုနှင့် မဖွံ့ဖြိုးသေးသည့် အခြေခံအဆောက်အအုံကြောင့် ချင်းပြည်နယ် ကို မြန်မာနိုင်ငံ၏ နောက်ဆုံးနယ်ခြားဒေသဟု ခေါ်ဆိုလျက်ရှိသည်။ သို့သော်လည်း ခရီးသွားရန် ဆန္ဒရှိသူတွေအနေဖြင့် အဝတ်အထည်ခရီးသွားလုပ်ငန်း၊ အထည်အလိပ်များမှသည် ရေအားလျပ်စစ်၊ သတ္တုတွင်းလုပ်ငန်းနှင့် ငွေပေါ်သီးနှံများအထိ လုပ်ငန်းများအလိုက် ထူးခြားသည့်အခွင့်အလမ်းများကို တွေ့ရှိရမည်ဖြစ်သည်။ ချင်းပြည်နယ်သည် Invest Myanmar Summit 2019 တွင် ပါဝင်သော ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ခုမှ ၁ခု ဖြစ်ပြီး Summit ၏ ဒေသဆိုင်ရာတင်ပြမှုများတွင် ပြည်နယ်၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနိုင်သော အခွင့်အလမ်းများရရှိနိုင်မည် ဖြစ်ပါသည်။

လူမျိုးစုယဉ်ကျေးမှုဆိုင်ရာအဝတ်အထည်ပြခန်း ရိုးရာမေတည်ထောင်သူများက ချင်းရိုးရာအဝတ်အထည်များ၊ ဂျပ်ခုတ်ချည်ထည်ပိုးထည်များကို ရောင်းချနေသည်မှာ ဆယ်စုနှစ်တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်သည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးရှိ ၎င်းတို့၏ဆိုင်မှ ခေတ်ပြိုင်ချင်းအဝတ်အထည်များ၊ ကူရှင်ကာဗာများ၊ လွယ်အိတ်များ၊ လိပ်စာကဒ်ထည့်စာအုပ်များ၊ ကမ္ဘာလှည့်ခရီးသည်များကြား လူကြိုက်များမှုမြင့်တက်လာသည့် ဂန္ထဝင်ပစ္စည်းများကို ရောင်းချလျက်ရှိသည်။

သို့သော်လည်း အပင်ပန်းခံဂရုတစိုက်ယက်လုပ်ရပြီး ယင်းတို့၏မြင့်မားသည့် အရည်အသွေးနှင့် အနုစိတ်ဒီဇိုင်းများကြောင့် ကျော်ကြားလာသည့် ရိုးရာချင်းအဝတ်အထည်များကိုမူ မကြာသေးမီကမှ ပြည်ပတင်ပို့ရန် ထုတ်လုပ်နေပြီဖြစ်သည်။

ယင်းသို့ဖြစ်ရခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းရှိ ဝေးလံခေါင်သီသော ချင်းပြည်နယ်သည် ၂၀၁၅အထိ နိုင်ငံခြားသားများနှင့် နီးစပ်မှုမရှိခဲ့ပေ။ သို့သော်လည်း ယခုအခါ အစိုးရက ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ကြိုးပမ်းလျက်ရှိရာ အရည်အသွေးမြင့် ပစ္စည်းများ ရောင်းဝယ်ရေးကုမ္ပဏီအချို့က ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးအတွက် ထူးခြားဆန်းသစ်သော အဝတ်အထည်များဖန်တီးရန် ချင်းအထည်ရက်လုပ်သူများနှင့် အတူစတင်လုပ်ငန်းဆောင်ရွက်နေပြီဖြစ်သည်။

၂၀၁၇ခုနှစ်အစောပိုင်းက ဗြိတိသျှအိမ်သုံးပစ္စည်းကုမ္ပဏီ Kalinko သည် နိုင်ငံတကာမှ စားသုံးသူများအတွက် အရည်အသွေးမြင့်မား၍ ဆွဲဆောင်မှုရှိသည့်အထည်များဖန်တီးရန် ချင်းအထည်ရက်လုပ်သူများအဖွဲ့တစ်ခုနှင့် အတူတွဲရ၍ စတင်လုပ်ဆောင်ခဲ့သည်။

“ဒီဟာက အလွန်ရိုးရှင်းတဲ့ ပြောင်းလဲမှုတွေပါဝင်ပါတယ်။ ဘယ်လိုဟာမျိုးလဲဆိုတော့ အထည်ပုံစံတွေ ညီညွတ်မှုရှိဖို့ အထည်ရက်သူတွေ ဘေးချင်းယှဉ်ရှိနေစေတာမျိုး၊ သန့်ရှင်းမှုရှိတဲ့ပတ်ဝန်းကျင်မှာ ရက်လုပ်တာမျိုးနဲ့ Kalinko က ရွေးချယ်ပေးတဲ့ အရောင်ပေါင်းစပ်မှုတွေနဲ့ ရိုးရာအထည်ပုံစံတွေ ပေါင်းစည်းတာမျိူးတွေပါ” ဟု ကုမ္ပဏီတည်ထောင်သူ မစ္စဆိုနီယာဂါနီယာက ပြောသည်။
“အထည်ရက်သူတွေ လိုအပ်တဲ့ ပစ္စည်းတွေအားလုံး ကျွန်မတို့ပံ့ပိုးပေးတယ်။ သူတို့ရဲ့ ကိရိယာနဲ့ အလုပ်ရုံတွေကို အဆင့်မြင့်တင်ပေးတယ်။ အမှာတွေအမြဲရရှိရေးနဲ့ ကျွန်မတို့ရဲ့ အကြီးဆုံးဈေးကွက်တွေဖြစ်တဲ့ ယူကေ၊ ဥရောပနဲ့ အမေရိကန်တို့က ဝယ်သူတွေထိတွေ့ပေးဖို့ ဆောင်ရွက်ပေးပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်တစ်ခုဖြစ်သော ချင်းပြည်နယ်သည် စိုက်ပျိုးရေးလုပ်ငန်းနှင့် သစ်တောလုပ်ငန်းအပေါ်တွင်သာ မှီခိုနေရပြီး ပြည်နယ်ရှိလူဦးရေမှာလည်း စီးပွားရေးအရရွှေ့ပြောင်းအခြေချမှုများကြောင့် လျော့နည်းလျက်ရှိသည်။ အဝတ်အထည်လုပ်ငန်းကို ဖွံ့ဖြိုးအောင်လုပ်ဆောင်ခြင်းက ဝင်ငွေကောင်းသည့်အလုပ်တွင် ကျွမ်းကျင်သည့်အထည်ရက်သူများအား ထိန်းထားရန် အထောက်အကူဖြစ်စေသည်။

ယူကေအခြစိုက် NGO အဖွဲ့အစည်း Turquoise Mountain သည် ချင်းပြည်နယ်ရှိ အထည်ရက်သူများနှင့် အတူလုပ်ကိုင်ဆောင်ရွက်မှုစတင်နေပြီဖြစ်ပြီး မကြာသေးခင်က ချင်းပြည်နယ် မြို့တော် ဟားခါးရှိ အရောင်နှင့် ကုန်ကြမ်းပစ္စည်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပပေးခဲ့သည်။ ပိုမိုတန်ဘိုးမြင့်မားသည့် ဈေးကွက်များကို ဖွင့်ရာတွင် ယင်းဆွေးနွေးပွဲက အလွန်အရေးပါသည်ဟု ယင်းအဖွဲ့က ယုံကြည်သည်။

Turquoise Mountain ကလည်း မြန်မာနိုင်ငံအတွင်း ကုန်ပစ္စည်းတန်ဘိုးမြင့်လုပ်ငန်းစဉ်၏ အရေးပါဆုံးအပိုင်းကို ထိန်းထားပြီး ထုတ်ကုန်တိုးတက်မှုနှင့် အရည်အသွေးထိန်းချုပ်မှုကို အာရုံစိုက်သော ဖြတ်-ညပ်-ချုပ် ဗဟိုအလုပ်ရုံတစ်ခုကို ရန်ကုန်တွင် တည်ထောင်ထားသည်။

ချင်းပြည်နယ်နှင့် နိုင်ငံ၏အခြားဒေသများရှိ အဝတ်အထည်များနှင့် ပတ်သက်၍ ၎င်းအဖွဲ့၏ဆောင်ရွက်မှုကို တစ်စိတ်တစ်ပိုင်းအားဖြင့် ယူကေ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဋ္ဌာန (DFID) က ၎င်း၏ DaNa Facility မှ တဆင့် ငွေကြေး ပံ့ပိုးလျက်ရှိသည်။ အဖွဲ့၏ ဆောင်ရွက်ချက်က ချင်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုတွန်းအားပေးရေးကို စတင်ရာတွင် အရေးပါလျက်ရှိသည်။

Chin State Myanmar Investor textiles
ချင်းပြည်နယ်မှ အထည်ရက်သူ မလှ

ဦးစားပေးကဏ္ဍများနှင့် ရင်းနှီးမြှုပ်နှံမှုအကျိုးခံရလဒ်များ

၂၀၁၇ခုနှစ် နိုဝင်ဘာလက DaNa Facility သည် ချင်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးပွဲတစ်ခုကို ကျင်းပခဲ့ပြီး အစိုးရ ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ် ၁၀၀ ကျော်တက်ရောက်သည်။ ယင်းပွဲတွင် ချင်းပြည်နယ်ကို နိုင်ငံတကာနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ မျက်စိလျှမ်းနေသည့် ဖုံးကွယ်နေသည့် ရတနာတစ်ခုအဖြစ် ချီးကျူးခဲ့ကြပြီး အဓိကဖွံ့ဖြိုးရေးကဏ္ဍလေးခုကို မီးမောင်းထိုးပြခဲ့သည်။ ၎င်းတို့မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ စိုက်ပျိုးရေးအခြေပြုစီးပွားရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် မြို့ပြဖွံ့ဖြိုးရေးတို့ဖြစ်သည်။

အခြားသောအကျိုးခံစားခွင့်ရရှိသူများဖြစ်သည့် ချင်းပြည်နယ်တောင်ပိုင်းရှိ သေးငယ်သည့်စိုက်ပျိုးရေးကုန်ထုတ်လုပ်သူများ၏ ဝင်ငွေနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေရန် မြန်မာနိုင်ငံသစ်သီး၊ ပန်းနှင့် ဟင်းသီးဟင်းရွက်အသင်းအပါအဝင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို DaNaFacility က နည်းပညာနှင့် ငွေကြေးအကူအညီများလည်း ပံ့ပိုးလျက်ရှိသည်။

ချင်းပြည်နယ်က အိန္ဒိယနိုင်ငံနှင့် ထိစပ်နေမှုက ကော်ဖီ၊ ထောပတ်သီးနှင့် ဆင်ခြေဥကဲ့သို့ မြေမြင့်ပိုင်းတွင် စိုက်ရသည့်ငွေပေါ်အသီးအနှံများကို နယ်စပ်ကုန်သွယ်မှုပြုလုပ်ရာတွင် အခွင့်အလမ်းတစ်ခုဖြစ်နေသည်ဟု လည်း DaNaFacility ကယုံကြည်သည်။ အိန္ဒိယအစိုးရ၏ ထောက်ပံ့မှုဖြင့် ဆောက်လုပ်လျက်ရှိသော ဘက်ပေါင်းစုံ Kaladan သယ်ယူပို့ဆောင်ရေးစီမံကိန်းက အိန္ဒိယ၏ အရှေ့မြောက်ပြည်နယ်များနှင့် ချိတ်ဆက်မှုကို တိုးတက်စေသဖြင့် အိန္ဒိယနှင့် ကုန်သွယ်ရေးမှာ လာမည့်နှစ်များအတွင်း တိုးတက်လာဖွယ်ရှိသည်။

ထို့အပြင် ၂၀၁၈ ဇွန်လက DaNa နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီအုပ်ချုပ်ရေးညွှန်ကြားမှုဦးစီးဋ္ဌာနတို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်တင်ရေးနှင့် လွယ်ကူချောမောစေမည့် မူဝါဒများဖော်ထုတ်ရန် ဟားခါးတွင် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးနှင့် လွယ်ကူချောမောရေးမဟာဗျူဟာအလုပ်ရုံတစ်ခုကို စီစဉ်ခဲ့သည်။

တချို့အစီစဉ်များမှာ စီစဉ်တကျရှိနေပြီဖြစ်သည်။ လွန်ခဲ့သည့်နှစ်က ချင်းပြည်နယ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်ကြီးများအသင်းကို ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဋ္ဌာနသည် ဟားခါးတွင် လုပ်ငန်းဆောင်ရွက်မှုများစတင်ခဲ့သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ ချင်းပြည်နယ်တွင် မြို့နယ်ကိုးခုထဲမှ တစ်ခုခုတွင် ရင်းနှီးမြှုပ်နှံမှုသည် ခုနှစ်နှစ်အထိ အခွန်ကင်းလွတ်ခွင့်ရပြီဖြစ်သည်။

ယခုဖော်ပြသည့် အခွင့်အလမ်းများက အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်သာ မဟုတ်ဘဲ ပြည်နယ်အစိုးရ၏ ပြောကြားထားချက်အရ ရေအားလျပ်စစ်ထုတ်လုပ်မှုတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်လျက်ရှိပြီး အကြီးစားရေအားလျပ်စစ်စီမံကိန်းများ အတွက် အသင့်လျော်ဆုံးနေရာများ သတ်မှတ်ဖော်ထုတ်ပေးရေးအတွက်လည်း ကတိပြုထားသည်။

ချင်းပြည်နယ်လူဦးရေ၏ ၃၀ရာခိုင်နှုန်းသာ လျပ်စစ်မီးရရှိနေမှုက ချင်းပြည်နယ်တွင် လာမည့်နှစ်များအတွင်း လျပ်စစ်နှင့် အခြေခံအဆောက်အအုံလုပ်ငန်းများတွင် ကြီးမားသည့် ရင်းနှီၤးမြှုပ်နှံမှု လိုအပ်နေသည်ကို ပြသလျက်ရှိသည်။

ပြည်နယ်၏ အရှေ့ပိုင်းရှိ သတ္တုတွင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီများကို ဖိတ်ကြားထားသည်ဟု သိရပြီး ၎င်းအရှေ့ပိုင်းတွင် ကြေးနီနှင့် ခရိုမီယမ်တို့အပါအဝင် ဓါတ်သတ္တူများ တူးဖော်ထုတ်လုပ်အသုံးချနိုင်သည့် အလားအလာများရှိနေသည်။ ထိုစဉ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာနက ဟာခါးမြို့နယ်တွင် ပြည်နယ်၏ ပထမဆုံးဘိလပ်မြေစက်ရုံအတွက် ဖြစ်နိုင်ခြေလေ့လာမှုပြုလုပ်ရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများထံမှ စိတ်ဝင်စားကြောင်းထုတ်ဖော်ပြောဆိုမှုများရရှိရန် ကြိုးပမ်းလျက်ရှိသည်။

သဘာဝအတိုင်းအလှ

ချင်းပြည်နယ်သည် လူအများကြီးမနေသော လူအများကြီးမသွားရသေးသည့်နေရာကို သွားချင်သူများအတွက် ခရီးသွားနေရာတစ်ခုဖြစ်လာနေပြီဖြစ်သည်။ မြေအနေအထားမှာ နိုင်ငံရှိ မည်သည့်နေရာထက်မဆို ပိုမိုရှုပ်ထွေးပြီး ဟိုတယ်လုပ်ငန်းများဖွံ့ဖြိုးရေးကို တားဆီးလျက်ရှိသည်။ ၂၀၁၇ခုနှစ်က ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဋ္ဌာန၏ အချက်အလက်များအရ ချင်းပြည်နယ်တွင် ဟိုတယ်ခြောက်လုံးသာရှိပြီး ၎င်းတို့အနက် ငါးလုံးမှာ ဝိတိုရိယတောင်အနီး ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်တွင် ရှိသည်။

သို့သော်လည်း ချင်းအစိုးရက နိုင်ငံပိုင်မြေများကို လုပ်ငန်းရှင်များထံသို့ ပေးရန်ရည်မှန်းနေပြီး လေဆိပ်သစ်နှစ်ခု ဆောက်လုပ်မည့် စီမံကိန်းများလည်းရှိသည်။ ထိုစဉ် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ခရီးသည်များ လာရောက်မှုတိုးမြင့်လာမှုက ယင်းဒေသ၏ အလားအလားကောင်းများကို မီးမောင်းထိုးပြနေသည်။ ချင်းပြည်နယ်သည် အောက်တိုဘာနှစ်ကုန်က ပြည်တွင်းခရီးသည် ၁၁,၁၈၂ ဦးကို ဆွဲဆောင်နိုင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်က လာရောက်ခဲ့သည့် စုစုပေါင်းခရီးသည် ၁၁,၀၄၇ ဦးထက် ကျော်လွန်သွားပြီဖြစ်ကြောင်း ချင်းပြည်နယ်ခရီးသွားလုပ်ငန်းဋ္ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဖြိုးက ပြောကြားခဲ့သည်။

ချင်းပြည်နယ်၏ သဘာဝအလှကို သွားရောက်ကြည့်ရှုခံစားရန် နိုင်ငံခြားသားခရီးသည်များအကြား စိတ်ဝင်စားမှုလည်း မြင့်တက်လာနေသည်။ လွန်ခဲ့သည့် ၁၂လ အတွင်း နိုင်ငံ၏ အခြားဒေသများထက် ချင်းပြည်နယ်အကြောင်းစုံစမ်းမှုက ပိုများကြောင်း ပြည်ပတွင်နေထိုင်ခဲ့သူများအတွက် ခရီးစဉ်များကို အဓိကစီစဉ်ပေးသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Sampan Travel ၏ မန်းနေးဂျင်းဒါရိုက်တာ မစ္စတာဘာတီလောဆင်က ပြောသည်။

“ဒီလိုစုံစမ်းကြတဲ့သူတွေက ရှမ်းပြည်နယ်က အင်းလေးကန်နဲ့ သီပေါတစ်ဝိုက်မှာ ခြေလျင်ခရီးကြမ်းနှင်ပြီးကြပါပြီ။ သူတို့က ထူးခြားတဲ့နေရာတစ်ခုခုကို ရှာနေကြတာပါ” ဟု၎င်းကပြောသည်။

“ပိုမိုသိမ်မွေ့တဲ့ ရွေးချယ်စရာတွေ ရှိနေသည့်တိုင် ချင်းပြည်နယ်ရဲ့ အေးစက်တဲ့ သဘာဝအတိုင်းလှတဲ့ ငြိမ်းချမ်းတဲ့ဒေသမှာ ခက်ခဲတဲ့ ခြေလျင်ခရီးကြမ်းတွေ သွားလို့ရပါတယ်။ ဒါဟာ နိုင်ငံရဲ့ ကျန်ဒေသတွေနဲ့ လုံးဝမတူတဲ့အချက်ပါ” ဟု ၎င်းကဆိုသည်။

Sampan Travel သည် ခြေလျင်ခရီးနှင့် ယဉ်ကျေးမှုဆိုင်ရာခရီးများ စီစဉ်ရန် ပြည်တွင်းမှ ဝန်ဆောင်ပံ့ပိုးသူများနှင့် လက်တွဲဆောင်ရွက်လျက်ရှိပြီး အချို့မှာ ချင်းပြည်နယ်တွင် အခြေစိုက်သည်။

“ချင်းပြည်နယ်တွင် အတိမ်းအစောင်းမခံသော ခရီးစဉ်အတွက် လိုအပ်ချက်ကို လောဆင်က အလေးထားပြောကြားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ချင်းပြည်နယ်တွင်ခရီးသွားလုပ်ငန်းမှာ အလွန်တရာသေးငယ်နေသောကြောင့်ဖြစ်သည်။ ယင်းသို့ ခရီးသွားလုပ်ငန်းမှာလည်း အထူးသဖြင့် မင်းတပ်နှင့် ကန်ပက်လက်ရှိ ချင်းပြည်နယ်တောင်ပိုင်းတွင်တည်ရှိပြီး လွန်ခဲ့သည့်နှစ်နှစ်အတွင်း ပြည်တွင်းပြည်ပခရီးသည်လာရောက်မှု လွန်စွာများပြားလာခဲ့သည်ဟု” ၎င်းကဆိုသည်။

တောင်ဇလပ်ပန်းများ၏ အလှကို ငြိမ်းချမ်းစွာ ခံစားလိုသူများက ယခုအခါ ချင်းပြည်နယ်မြောက်ပိုင်းမှ ဟားခါးနှင့် တီးတိန်ကဲ့သို့ ပိုမိုဝေးလံခေါင်သီသော နေရာများကို သွားရန် စိတ်ကူးနေကြပြီဟု ၎င်းကပြောသည်။

Photo credit: Kalinko

Share on facebook
Share on twitter
Share on linkedin
Share on email
Share on print
ဆက်စပ်သောသတင်းများ

သင်ဟာရင်းနှီးမြုှပ်နှံသူတစ်ဦးလား

မြန်မာနိုင်ငံ၏ ရင်းနှီးမြုှပ်နှှုံမှုဆိုင်ရာ အခွင့်အလမ်းများအား လေ့လာရန် စိတ်ဝင်စားပါသလား? သင်သိရှိလိုသည်များကို ဖြေကြားပေးရန်အတွက်ဆက်သွယ်လိုက်ပါ။

Download the Invest Myanmar Summit 2019 app today to request appointments* and check out the latest Summit programme.

*Only available to registered Summit participants.