fbpx

INVEST MYANMAR SUMMIT 2019

၂၈ - ၂၉ ရက် ဇန်နဝါရီလ ၂၀၁၉ • နေပြည်တော်၊ မြန်မာ

သင်၏ ကိုယ်ရေးကိုယ်တာဆိုင်ရာအချက်မလက်များကို ကျွနု်ပ်တို့လွန်စွာ အရေးထားပါသည်။ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင်၏ ခွင့်ပြုချက်မရှိဘဲ အခြားတတိယပါတီများကို ၎င်းတို့၏ အရောင်းမြှင့် ရည်ရွယ်ချက်အတွက် ထုတ်ဖော်ခြင်း (သို့) ရောင်းချ ခြင်းပြုမည် မဟုတ်ပါ။

သင်သိရှိလိုသည်များရှိပါက ကျွနု်ပ်တို့၏ အချက်အလက်ကာကွယ်ထိန်းသိမ်းရေးရုံး XXXXXXXX သို့ အီးမေးလ်ပေးပို့၍ မေးမြန်းစုံစမ်းနိုင်ပါသည်။ (သို့မဟုတ်) ကျွနု်ပ်တို့၏ ဝန်ဆောင်မှုဌာန contact@investmyanmar2019.com သို့ အီးမေးလ်ပေးပို့ မေးမြန်းနိုင်ပါသည်။

ခြုံငုံသုံးသပ်ချက်

အခါအားလျော်စွာ ကျွနု်ပ်တို့တင်ထားသော website နှင့် mobile app များကို အသုံးပြု၍ ဆုံးဖြတ်ချက်များကို ပြုလုပ်နိုင်စေရန် ကိုယ်ရေးကိုယ်တာဆိုင်ရာအချက်မလက်များကို ကျွန်ုပ်တို့ စုဆောင်းပုံ၊ အသုံးပြုပုံနှင့် ဖွင့်ထုတ်ဖော်ပြပုံတို့ကို သင်တို့ တတ်အားသမျှ သိထားသင့်သည်ဟု ကျွနု်ပ်တို့ ယုံကြည်သောကြောင့် ဤကိုယ်ရေးကိုယ်တာဆိုင်ရာ မူဝါဒများကို ကျွနု်ပ်တို့ပြုစုရခြင်းဖြစ်ပါသည်။ ဤ website ထဲ ဝင်ရောက်ခြင်း (သို့) ကျွနု်ပ်တို့၏ mobile app ကို အသုံးပြုခြင်းသည် ဤမူဝါဒများပါ စည်းကမ်းသတ်မှတ်ချက်များကို သဘောတူသည်ဟု ယူဆပါသည်။ အကယ်၍သင်သဘောမတူပါက ဤ website ကို ဝင်ရောက်ခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ mobile app တစ်ခုခုကိုမျှ အသုံးမပြုပါနှင့်။

Website နှင့် application မှ ရယူထားသော အချက်အလက်များကို မည်သို့အသုံးပြုမည်ဆိုသည်ကို ဤမူဝါဒမှ ရှင်းလင်းဖော်ပြထားပါသည်။

ဤမူဝါဒတွင် “ကိုယ်ရေးကိုယ်တာဆိုင်ရာအချက်အလက်များ” ဆိုသည်မှာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ အချက်အလက်များမှ မည်သူမည်ဝါဟု ခွဲခြားဖော်ထုတ်ပြနိုင်သောပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အကြောင်းအချက်အလက် အားလုံးကိုဆိုလိုပါသည်။ သို့မဟုတ် အခါအားလျှော်စွာ ပြင်ဆင်နိုင်သည့် မှတ်တမ်းပါအချက်များအပါအဝင် ကျွနု်ပ်တို့ရရှိနိုင်မည့် အခြားအချက်အလက်နှင့် သတင်းများမှ သိရှိထားသည့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အချက်အလက်များကို ဆိုလိုပါသည်။

ဤ website (သို့) mobile app ကို အသုံးပြုခြင်းဖြင့် ဤမူဝါဒနှင့်အညီ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်းတို့ကို သင့်အနေနှင့် သဘောတူသည်ဟု ယူဆထားပါသည်။

စုဆောင်းမည့် သတင်းအချက်အလက်များ

ကိုယ်ရေးကိုယ်တာအချက်အလက်များ စုဆောင်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဤ website (သို့) mobile app တစ်ခုခုကို အသုံးပြုသောအခါ ဘေးအန္တရာယ်ကင်းရှင်းသော၊ ချောမွေ့သော၊ ထိရောက်သော၊ စနစ်ကျနသော အတွေ့အကြုံများ ပေးနိုင်ရန်ဖြစ်ပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သင်၏လိုအပ်ချက်နှင့် ကိုက်ညီမည့် ဝန်ဆောင်မှုကိုပေးနိုင်ရန် အထောက် အကူပြုပြီး သင်၏ အတွေ့အကြုံကို အန္တရာယ်ကင်းပြီး လွယ်ကူစေရန်ဖြစ်ပါသည်။ ဤရည်ရွယ်ချက်အောင်မြင်ရေး အတွက် လိုအပ်သည်ဟု ယူဆရသော သင်၏ ကိုယ်ရေးအချက်အလက်များကိုသာလျှင် ကျွန်ုပ်တို့က စုဆောင်းပါသည်။

ဤ website (သို့) mobile app တစ်ခုပေါ်ရှိ ဝန်ဆောင်မှုများကို အသုံးပြုလျင် သင်၏နေရပ်လိပ်စာ၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို သက်ဆိုင်ရာပုံစံတွင်ဖော်ပြထားသည့်အတိုင်း ဖြည့်စွက်ပေးရန်လိုအပ်နိုင်သည်။ မဖြစ်မနေပေးရမည့် အချက်အလက်များနှင့် ပေးလိုက ပေးနိုင်သည့် အချက်အလက်များကို ဖော်ပြပေးထားပါသည်။ ကျွနု်ပ်တို့၏ ဝန်ဆောင်မှုနှင့် feature ကို အသုံးမပြုပါက ကျွန်ုပ်တို့ တောင်းသောအချက်အလက်များကို ပေးရန်မလိုပါ။

အချို့အခြေအနေတွင် သင်၏ ဘဏ္ဍာရေးအချက်အလက်များပေးရန် လိုအပ်နိုင်ပါသည်။ သင်၏ credit card အချက် အလက်အပါအဝင် သင်၏ ဘဏ္ဍာရေးအချက်အလက်များကို သင်၏ အမည်၊ လိပ်စာနှင့် အခြားအချက်အလက်များ တိကျ မှန်ကန်မှုရှိမရှိ စစ်ဆေးရန်နှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအတွက် သင့်ထံငွေတောင်းခံလွှာပေးပို့ရန် ကျွန်ုပ်တို့ အသုံးပြု မည်ဖြစ်ပါသည်။

Cookies

Website (သို့) mobile app ပေါ်တွင် သင်သုံးစွဲသည့်အပြုအမူအပေါ် အခြေခံ၍ တစ်စုံတစ်ရာသောအချက်အလက်များကို အလိုအလျောက်ခြေရာခံနိုင်ရန် Cookies များကို ကျွနု်ပ်တို့အသုံးပြုပါသည်။ Cookies ဆိုသည်မှာ အချက်အလက် ကလေးများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ သင်က ကျွန်ုပ်တို့၏ website (သို့) mobile app ဝင်ကြည့်သောအခါ သင် ဤ website အသုံးပြုပုံအချက်အလက်များကို ခြေရာခံရန်နှင့် သိုလှောင်သိမ်းဆည်းထားရန် သင်၏ ကွန်ပျူတာ (သို့) mobile device သို့ ထုတ်ပေးသော အချက် အလက်ကလေးများကို Cookies ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ဤအချက်အလက်များကို သင်နှင့် သင့်အသိုက်အဝန်းကို ဝန်ဆောင်မှုပေးရန်နှင့် ကာကွယ်မှုပေးရန်၊ ပိုမိုနားလည်ရန် အသုံးပြုသူ၏ အချက်အလက်၊ စိတ်ဝင်စားမှုနှင့် အမူအကျင့်တို့ကို ဌာနတွင်း သုတေသနပြုလုပ်ရာတွင် ဤအချက် အလက်များကို အသုံးပြုပါသည်။ ၎င်းတို့တွင် ဤ website မဝင်မီ သင်ဝင်ကြည့်ခဲ့သော URL၊ သင်နောက်ဝင်မည့် URL ၊ သင့်ကွန်ပျူတာ browser အချက်အလက်နှင့် သင့် IP လိပ်စာများ ပါဝင်နိုင်ပါသည်။

သင်၏ အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပုံ

သင်တောင်းခံထားသော ဝန်ဆောင်မှုများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုရပါသည်။ သင်၏ စုံစမ်းမေးမြန်းချက်များကို ဖြေကြားရန်၊ နည်းပညာဆိုင်ရာ ပြဿနာများကို အဖြေရှာရန်၊ အွန်လိုင်းဖြင့် ငွေပေးချေမှုကို အန္တရာယ်ကင်းစွာ လုပ်ကိုင်နိုင်ရန်၊ ပေးငွေများလက်ခံနိုင်ရန်၊ ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပေါ် ဖောက်သည်၏ စိတ်ဝင်စားမှုကို တိုင်းတာချင့်ချိန်နိုင်ရန်၊ online နှင့် offline ကမ်းလှမ်းမှုများ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် နောက်ဆုံးရ အချက်အလက်များ၊ သင်၏ သီးသန့်အတွေ့အကြုံများ၊ မှားယွင်းမှု၊ လိမ်လည်မှု၊ အခြားရာဇဝတ်ပြစ်မှုများကို ထောက်လှမ်းသိရှိရန်နှင့် ကာကွယ်ရန်တို့အတွက်သာ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုခြင်းဖြစ်ပါသည်။ ထိုအကြောင်းများကြောင့်မဟုတ်ဘဲ အခြားအကြောင်းရှိခဲ့သော် အချက်အလက်စုဆောင်းချိန်တွင် သင့်ထံသို့ အသိပေးဖော်ပြပါမည်။ တစ်ခါတစ်ရံ အခက်အခဲများကို ဖော်ထုတ်ရန် (သို့) အငြင်းပွားမှုများကို ဖြေရှင်းရန်နှင့်အထူးသဖြင့် multiple User ID (or) aliases များကို အသုံးပြုနေသူများကို ဖော်ထုတ်ရန်အတွက် အကြိမ်ကြိမ်အသုံးပြုနေသူများကို ရှာဖွေစစ်ဆေးရနိုင်ပါသည်။ အမှားအယွင်းများ၊ ချန်လှပ်မှုများ ရှိ/မရှိနှင့် တိကျမှုအတွက် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြန်လည် သုံးသပ်ခြင်း၊ နှိုင်းယှဉ်ခြင်းများ ပြုလုပ်နိုင် ပါသည်။

ကျွန်ုပ်တို့၏ ဈေးကွက်ရှာဖွေရေးနှင့် အရောင်းမြှင့်တင်ရေးကြိုးပမ်းမှုကို ပိုမိုကောင်းမွန်တိုးတက်စေရန်၊ နေရာအသုံးချမှုကို ဆန်းစစ်ရန်၊ ကျွန်ုပ်တို့၏ ထုတ်ကုန်ကမ်းလှမ်းမှုတိုးတက်စေရန်၊ အွန်လိုင်းပါဝင်မှု content, layout အပြင်အဆင်နှင့် ဝန်ဆောင်မှုပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ လုပ်ဆောင်အပ်သော အထက်ဖော်ပြပါရည်ရွယ်ချက်များအတွက် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်အသုံးပြုမှုကို သင်က သဘောတူထားပါသည်။ ဤသို့ အသုံးပြုခြင်းအားဖြင့် ကျွန်ုပ်တို့၏ website နှင့် mobile app တို့ အမြဲတစေ တိုးတက်နေမည်ဖြစ်ပါသည်။ website နှင့် app ကို အသုံးပြုရင်း ချောမွေ့သော၊ ထိရောက်သော၊ ဘေးကင်းသော၊ သင့်လိုအင်နှင့် ကိုက်ညီသော ဝန်ဆောင်မှုကိုပေးနိုင်ရန်အတွက် သင်၏ ကိုယ်ရေး အချက်အလက်ကို အသုံးပြုရခြင်းဖြစ်ပါသည်။

သင် website (or) mobile app အသုံးပြုမှုနှင့် ဆက်နွယ်သော ဆက်သွယ်ရေး၊ ထုတ်ကုန်ကမ်းလှမ်းမှု၊ အုပ်ချုပ်ရေး ဆိုင်ရာ အသိပေးစာ၊ ပစ်မှတ်ထား ခေါင်းစီးကြော်ငြာများ ကဲ့သို့သော သင်၏ အကျိုးစီးပွားကို ရည်ရွယ်ပစ်မှတ်ထားသည့် သတင်းအချက်အလက်များကို သင့်ထံသို့ ပေးပို့ရန်အတွက် သင်နှင့် ဆက်သွယ်ရန် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုရန် သင်က သဘောတူသည်ဟု နားလည်လက်ခံထားပါသည်။

သင်၏ အချက်အလက်များကို ကျွန်ုပ်တို့က ဖွင့်ဟဖော်ထုတ်ခြင်း

မူဝါဒတစ်ရပ်အနေဖြင့်မူသင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင်၏ ဖွင့်ဟသဘောတူညီချက်မရဘဲ တတိယပါတီများ သို့ ၎င်းတို့၏ ဈေးကွက်ကိစ္စအတွက် ကျွန်ုပ်တို့ကဖွင့်ဟခြင်း၊ ရောင်းချခြင်း ပြုမည်မဟုတ်ပါ။ သို့သော်ငြားလည်း အောက်ပါ အခြေအနေများတွင် ကျွန်ုပ်တို့၏ ပုံမှန်အလုပ်ကို လုပ်ဆောင်ရာ၌ တတိယပါတီများသို့ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ပေးရင်း သင်၏ အချက်အလက်များကို ဖော်ထုတ်ကောင်း ဖော်ထုတ်နိုင်ပါသည်။

ကြော်ငြာရှင်များ။ ။ ကျွန်ုပ်တို့သည် user account အားလုံး၏ အချက်အလက်များကို စုစည်းပြီး ဈေးကွက်အခြေအနေ ဆန်းစစ်ခြင်းနှင့် စားသုံးသူသုတေသနလုပ်ငန်းများအတွက် အခြားတတိယပါတီနှင့် ကြော်ငြာရှင်များထံသို့ အမည် မဖော်သော သတင်းအချက်အလက်များအဖြစ် ဖွင့်ဟဖော်ထုတ်ပေးပါသည်။ ဤသို့လုပ်ဆောင်ရာတွင် သင်တစ်ဦးချင်း၏ အမည်နှင့် ပုဂ္ဂိုလ်ရေးဖော်ထုတ်သိရှိရန် အသုံးချနိုင်မည့် သတင်းအချက်အလက်ကို တတိယပါတီများသို့ ဖွင့်ဟဖော်ထုတ်ခြင်း အလျင်းမပြုပါ။ အထူးသဖြင့် သင်၏အမည်၊ အီးမေးလ်လိပ်စာ၊ စကားဝှက် – password ၊ credit card နံပါတ်၊ ဘဏ်စာရင်းနံပါတ်စသည့် ထိလွယ်ရှလွယ် သတင်းအချက်အလက်များကို သင်၏ ကြိုတင်ခွင့်ပြုချက်မရဘဲ တတိယပါတီများသို့ ထုတ်ပေးခြင်း၊ ပြသခြင်းမပြုပါ။

ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်မှုအတွက် အဖွဲ့အတွင်း ဝန်ဆောင်မှုပေးသူများ။ ။ သင့်ထံ ကျွန်ုပ်တို့ကပေးသော လုပ်ငန်း၊ ထုတ်ကုန်၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ တစ်ခု (သို့) တစ်ခုထက်ပိုသော သွင်ပြင်ကို လွယ်ကူချောမွေ့စေရန် (သို့) ခွဲဝေအလုပ်အကိုင်ပေးရန်အတွက် ကျွန်ုပ်တို့က အဖွဲ့တွင်း ဝန်ဆောင်မှုပေးသူများဟု သတ်မှတ်ဖော်ပြထားသော တတိယပါတီများကို ကျွန်ုပ်တို့ အသုံးချနိုင်ပါသည်။ ဥပမာ- ရှာဖွေရေးနည်းပညာ၊ ဆွေးနွေးမှုအဖွဲ့များ၊ ငွေတောင်းခံခြင်း၊ အဖွဲ့ချင်းပေါင်းဆုလာဘ်အစီအစဉ်၊ ဘဏ် သို့မဟုတ် ကတ်ကွန်ရက် နှင့် လက်လီဆိုင်တို့ ပူးတွဲဝန်ဆောင်မှုခရက်ဒစ်ကတ် စသည်တို့ဖြစ်ပါသည်။ ထို့ကြောင့် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိုအဖွဲ့တွင်း ဝန်ဆောင်မှုပေးသူများထံ ကျွန်ုပ်တို့က တိုက်ရိုက်ပေးနိုင်ပါသည်။ အဖွဲ့တွင်းဝန်ဆောင်မှုပေးသူများသည် ကျွန်ုပ်တို့ပေးသော သတင်းအချက် အလက်များကို အခြားကိစ္စရပ်များတွင် အသုံးပြုရန် သင်၏ခွင့်ပြုချက်မရဘဲ ပြင်ပအဖွဲ့သို့စေခိုင်းသောလုပ်ငန်းများ အဆင်ပြေ လွယ်ကူစေရန်မှတပါး အခြားကိစ္စရပ်များတွင် အသုံးမပြုရန် တားမြစ်သည်။ ထိုသို့ အချက်အလက် ကာကွယ်ရေးတာဝန်နှင့် အခြားဥပဒေဖြင့် ကန့်သတ်မှုတို့ကို လိုက်နာရမည်။ အချို့ကိစ္စရပ်များတွင် အဖွဲ့တွင်း ဝန်ဆောင်မှုပေးသူများသည် အချက်အလက်များကို သင့်ထံမှ တိုက်ရိုက်ယူကောင်း ယူနိုင်သည်။ ဤသို့ ယူရာတွင် အဖွဲ့တွင်းဝန်ဆောင်မှုပေးသူများ ပါဝင်ပတ်သက်လာမှုကို သင့်ထံအသိပေးမည်၊ သင်ပေးသမျှ အချက်အလက် အားလုံး သူတို့အသုံးပြုသမျှ အချက်အလက်အားလုံးသည် သင်နှင့် အဖွဲ့တွင်းဝန်ဆောင်မှုပေးသူတို့ နှစ်ဦးသာသိစေရမည်။ သင့်အနေနဲ့ အဖွဲ့တွင်း ဝန်ဆောင်မှုပေးသူကို ကိုယ်ရေးကိုယ်တာအချက်အလက်များ တိုက်ရိုက်ပေးအပ်ခဲ့လျှင် သင်ပေးသော အချက်အလက်ကို သူတို့အသုံးပြုမှုသည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ မူဝါဒများ အရသာဖြစ်လိမ့်မည်။

အခြားကော်ပိုရိတ်နယ်ပယ်များ။ ။ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်အပါအဝင် ကျွန်ုပ်တို့၏ အချက်အလက်အားလုံးကို ကျွန်ုပ်တို့နှင့် ဆက်နွယ်နေသော ကုမ္ပဏီများ၊ လက်အောက်ခံကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများနှင့် မျှဝေအသုံးပြုသည်။ ထိုကုမ္ပဏီများသည် သင်၏ အွန်လိုင်းပေါ်မှ ငွေပေးချေမှုနှင့် အခြားဆက်စပ်ဝန်ဆောင်မှုများကို ကမ္ဘာအနှံ့ ဝန်ဆောင်မှုပေး နေသူများဖြစ်သည်။ ဤကုမ္ပဏီများအနေနှင့် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ အသုံးပြုသည့် အတိုင်းအတာအလိုက် သင့် ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကျွန်ုပ်တို့က အကာအကွယ်ပေးသည့်နည်းတူ ထိုကုမ္ပဏီများကလည်း အကာအကွယ် ပေးရန်လိုအပ်ပါသည်။

လျှို့ဝှက်ရေးနှင့် လုံခြုံရေး

သင်၏ သတင်းအချက်အလက်များကို စင်ကာပူရှိ ကျွန်ုပ်တို့၏ Servers ပေါ်တွင် သိုလှောင်ထားပါသည်။ Encryption, “firewalls” နှင့် Secure Socket Layers များအပါအဝင် သင်၏ Privacy ကို ကာကွယ်ရန်နှင့် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကိုများကို ခိုးယူခြင်း၊ ပျောက်ဆုံးခြင်းနှင့် တရားမဝင်ဖွင့်ဖောက် ဖတ်ရှုခြင်းတို့မှ ကာကွယ်ရန် နည်းပညာနှင့် လုပ်ထုံးလုပ်နည်းအရ အကာအကွယ်များကို စီမံထားပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပျောက်ဆုံးခြင်းနှင့် တရားမဝင်ကြည့်ရှုခြင်းမှ ကာကွယ်ထားရမည့် အဖိုးတန်ပစ္စည်းအဖြစ် သဘောထားသည်။ ဤအချက်အလက်များကို ကုမ္ပဏီအတွင်းနှင့်ကုမ္ပဏီပြင်ပမှတရားမဝင်ရယူမှုကို ကာကွယ်ရန်လုံခြုံရေးနည်းပညာအမျိုးမျိုးကို အသုံးပြုပါသည်။ လုံခြုံရေးချိုးဖောက်မှုတစ်စုံတစ်ရာတွေ့ရှိခဲ့သော် ကျွန်ုပ်တို့ထံ အမြန်ဆုံးအကြောင်းကြားစေလိုပါသည်။

ကျွန်ုပ်တို့လက်ဝယ်ရှိ ကိုယ်ရေးကိုယ်တာအချက်အလက်များ၏ လျှို့ဝှက်မှုကို လေးစားရန် ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် data processors များအတွက် လိုက်နာရမည့် ဌာနတွင်း နည်းစနစ်များထားရှိပါသည်။

သို့နှင့်တိုင် အင်တာနက်ပေါ်တွင် “ပြီးပြည့်စုံသော လုံခြုံမှု” ဟူ၍ မရှိနိုင်သည်ကို သင်နားလည်သိရှိမြည်ဖစ်သည့်အတိုင်း သင်ပေးသော သတင်းအချက်အလက်များ အခါခပ်သိမ်းလုံခြုံမှု ရှိစေရမည်ဟူ၍တော့ ကျွန်ုပ်တို့ အာမ မခံနိုင်ပါ။ ကျွန်ုပ်တို့၏ ချို့ယွင်းမှု၊ ပေါ့လျော့မှု များကြောင့်မဟုတ်ဘဲ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို တရားမဝင်ရယူမှုအတွက် ကျွန်ုပ်တို့ တာဝန်ယူမည် မဟုတ်ပါ။ ကျွန်ုပ်တို့၏ ထိမ်းချုပ်မှုအောက်တွင် မရှိသော တတိယပါတီထံမှ သင်၏ data ပေါက်ကြားမှုဖြစ်ခဲ့လျှင် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။

အခြား website များနှင့် ဆက်သွယ်ခြင်း

ကျွန်ုပ်တို့၏ website, mobile app နှင့် online ဝယ်ယူမှု အီးမေးလ်များတွင် အခြား website များနှင့် ဆက်သွယ်ထား သည်များ ပါရှိနိုင်ပါသည်။ ထို website များ၏ အချက်အလက်ကာကွယ်ရေးနှင့် လျှို့ဝှက်ရေးနည်းစနစ်များမှာ ကျွန်ုပ်တို့နှင့် မတူကွဲပြားနိုင်ပါသည်။ ထိုကုမ္ပဏီများ၏ content နှင့် လျှို့ဝှက်ပေါ်လစီများအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။ ၎င်းတို့၏ website များကို အသုံးမပြုမီ သူတို့၏ ကိုယ်ရေးကိုယ်တာဆိုင်ရာမူဝါဒများကို ၎င်းတို့နှင့် ဦးစွာတိုင်ပင်သင့်ပါ သည်။

ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာဆိုင်ရာမူဝါဒများ အပြောင်းအလဲပြုလုပ်ခြင်း

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို တိုးချဲ့နေသည်ဖြစ်ရာ ဤမှုဝါဒများကို အခါအားလျော်စွာ ပြောင်းလဲနိုင်ပါသည်။ ထိုသို့ နောက်ဆုံးပြောင်းလဲမှုများကို ကျွန်ုပ်တို့၏ home page တွင် သတိပေးကြော်ငြာတင်ပေးထားပါမည်။ ဤသို့ မှုဝါဒများ ပြောင်းလဲမှုပြုလုပ်ပြီးနောက် ကျွန်ုပ်တို့၏ website နှင့် mobile app ကို သင်၏ အသုံးပြုမှုသည် ကျွန်ုပ်တို့၏ နောက်ဆုံး ပြောင်းလဲထားသော မှုဝါဒကို သင်က လက်ခံသဘောတူသည်ဟု မှတ်ယူပါသည်။

ဆက်သွယ်ရန်

ဤမှုဝါဒနှင့် ပတ်သက်၍ မေးမြန်းလိုပါက so@umfcci.com.mm အီးမေးလ်ကို ဆက်သွယ်ပါရန်။

PARTNERS

Sorry, we couldn't find any posts. Please try a different search.

Sorry, we couldn't find any posts. Please try a different search.

Sorry, we couldn't find any posts. Please try a different search.

KNOWLEDGE PARTNERS

Sorry, we couldn't find any posts. Please try a different search.

MEDIA PARTNERS

Sorry, we couldn't find any posts. Please try a different search.

PARTNERS

Sorry, we couldn't find any posts. Please try a different search.

Sorry, we couldn't find any posts. Please try a different search.

Sorry, we couldn't find any posts. Please try a different search.

KNOWLEDGE PARTNERS

Sorry, we couldn't find any posts. Please try a different search.

MEDIA PARTNERS

Sorry, we couldn't find any posts. Please try a different search.

SPONSORS

MEDIA PARTNERS

စီစဉ်သူအကြောင်း
သတင်းစာလွှာရယူရန် အမည်စာရင်းသွင်းပါ